တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (အောက်တိုဘာလ ၁ ရက် မှ ၂၄ ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ (၁.၀၆၆) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၃.၆၇၃) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၄.၇၃၉)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် Maganese Dioxide(၂၄၀) တန်၊ တန်ဖိုး (၀.၀၂၇)ဒေါ်လာသန်း၊ထောပတ်သီး (၂၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၂) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၀၄၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၁၁၁) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အောက်တိုဘာလ လျာထားချက်အနေဖြင့် ပို့ကုန် ကန်ဒေါ်လာ(၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁၂) သန်း ဖြစ်ပြီး အောက်တိုဘာလ၂၄ရက်ထိ လျာထားချက်အပေါ် ( ၃၉.၄၉ % ) ဆောင်ရွက်နိုင်ခဲ့ပါ သည်။၂၄-၁၀-၂၀၂၃ ရက်နေ့တွင်ဒီဇယ် (၂၆၂) BBL၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ ဓာတ်ဆီ (၅၉၈) BBL၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၅၆၅) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊​မီးခံအုတ် (၆.၅) တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၁၄၀.၄၆) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ကြွေပြား (၇၂၀) M2 ၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်းများ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။