တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (အောက်တိုဘာလ ၁ ရက် မှ ၂၄ ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ (၁.၀၆၆) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၃.၆၇၃) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၄.၇၃၉)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် Maganese Dioxide(၂၄၀) တန်၊ တန်ဖိုး (၀.၀၂၇)ဒေါ်လာသန်း၊ထောပတ်သီး (၂၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၂) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၀၄၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၁၁၁) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အောက်တိုဘာလ လျာထားချက်အနေဖြင့် ပို့ကုန် ကန်ဒေါ်လာ(၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁၂) သန်း ဖြစ်ပြီး အောက်တိုဘာလ၂၄ရက်ထိ လျာထားချက်အပေါ် ( ၃၉.၄၉ % ) ဆောင်ရွက်နိုင်ခဲ့ပါ သည်။၂၄-၁၀-၂၀၂၃ ရက်နေ့တွင်ဒီဇယ် (၂၆၂) BBL၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ ဓာတ်ဆီ (၅၉၈) BBL၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၅၆၅) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊မီးခံအုတ် (၆.၅) တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၁၄၀.၄၆) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ကြွေပြား (၇၂၀) M2 ၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်းများ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။