AIIB အနေဖြင့် စိန်ခေါ်မှု သုံးခုကို ကျော်လွှားရန်လိုအပ်ကြောင်း သုံးသပ်

Tue, 07/18/2017 - 07:50 -- admin_ygn

    ပေကျင်းအခြေစိုက် Asian Infrastructure Investment Bank (AIIB) သည် အချိန်တိုအတွင်း အောင်မြင်မှုများ   ရရှိနေသော်လည်း အဓိက စိန်ခေါ်မှုသုံးခုကိုသတိပြုကျော်လွှား ရန် လိုအပ်ကြောင်းInter- national Business and Economics  တက္ကသိုလ်မှ  ပါမောက္ခတစ်ဦးက သုံးသပ်ထားပါသည်။
ဘဏ်စတင်ဖွင့်လှစ်ပြီး တစ်နှစ်ကျော်အတွင်း  ကနဦး ကတိပြု ထားသည့် လုပ်ငန်းကြီး ကိုးခု (ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံ) အနက်မှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကို ခွင့်ပြုနိုင်ခဲ့ပါသည်။  အဆိုပါပမာဏသည်International Bank for Reconstruction and Development  နှင့်International Development Association များမှ အဆိုပါနှစ်တွင် ထုတ်ချေးသည့်ပမာဏ (အမေရိကန် ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံ) ၏   လေးပုံတစ်ပုံခန့်ရှိကြောင်း သိရပါ သည်။ထိုကဲ့သို့ အောင်မြင်ရခြင်းမှာ ဘဏ်၏ Good Governance Legal Framework ု  ကောင်းမွန်ခြင်းနှင့် အဖွဲ့ဝင် ၇၇ နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။ သို့ရာတွင် အောက်ပါစိန်ခေါ်မှုသုံးခုကို  ကျော်လွှားရန် လိုအပ်ကြောင်း ဆက်လက်သုံးသပ်ထားပါသည်။    
ပထမစိန်ခေါ်မှုမှာ ဘဏ်၏ ်funding  projects    များကို ယခုလက်ရှိHard Infrastructure   ကိုသာ အာရုံ စိုက်ရာမှ Comprehensive Infra- structure သို့  ပြောင်းလဲရန် လိုအပ်ခြင်းဖြစ်ပါသည်။ ယခု AIIB ၏ ချေး ငွေစီမံကိန်းများမှာ လျှပ်စစ်ရရှိရေး၊ လမ်း၊ ဆိပ်ကမ်းစသည့်စီမံကိန်းများ ဖြစ်ပြီးSoft Infrastructure ဖြစ်သည့် ကျန်းမာရေး၊ ပြည်သူ့ ဘဏ္ဍာ စီမံခန့် ခွဲမှုနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းစသည့် စီမံကိန်းများတွင် မတွေ့ရှိရသေး ကြောင်း၊ အမှန်အားဖြင့် အဆိုပါHard Infrastructure  နှင့်Soft Infra- structure  နှစ်ခုလုံးသည် အာရှဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရေးကြီးသည့် အတွက် ဘဏ်၏ချေးငွေထုတ်ချေးရာတွင် အဆိုပါအချက်ကို ထည့်သွင်း စဉ်းစားသင့်ကြောင်း သုံးသပ်ထားပါသည်။
ဒုတိယအချက်မှာEnvironmental factor   ဖြစ်ကြောင်း၊ ဘဏ်၏ ချေးငွေစံသတ်မှတ်ချက်တွင်Environmental Friendly Projects  ဖြစ်စေ ရေးကို ထည့်သွင်း သတ်မှတ် ထားသော် လည်း ချေးငွေစီမံကိန်းများ သည် အမှန်တကယ် Environmental Standardနှင့် ကိုက်ညီမှုရှိ/မရှိကို ယခု ထက် သုံးသပ်သင့်ကြောင်း ဖော်ပြထားပါသည်။
တတိယ အချက်မှာ AIIB   အနေ ဖြင့် ချေးငွေထုတ်ချေးရန် စီမံကိန်း များရွေးချယ်ရာ၌ ယခုထက်ပို၍ အမှီအခိုကင်းရန်လိုအပ်ကြောင်း ဖော်ပြ ထားပါသည်။ ယခုအချိန်အထိ ချေးငွေ စီမံချက်ကိုးခု ရှိရာ ခြောက်ခု မှာWorld Bank , ADB နှင့် အခြားFinancial Institution  များနှင့်co-financing ပြုလုပ်ထားခြင်းဖြစ်သည်ကို တွေ့ရပါ သည်။Project Mana- gement  နှင့် အခြားအရေးကြီးသည့်risk management  စသည့် နည်းပညာ တို့ တွင်World BankနှငADB တို့ထံမှ နည်းပညာအကူအညီ ရယူရခြင်း များ ရှိမည်ဟုယူဆသည့်အတွက်  AIIBအနေဖြင့်  Managerial? financial နှင့်legal teams  တို့တွင် ယခုထက်ပို၍ လွတ်လပ်စွာ ဆောင်ရွက်သင့် ကြောင်း သုံးသပ်ဖော်ပြထားပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့

 

 

International Trade News

Pages