အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) တည်ထောင်ပြီးနောက် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များအားCLMV နိုင်ငံများသို့ တင်ပို့မှုကျဆင်းလာ

Mon, 03/06/2017 - 06:14 -- admin_ygn

အာဆီယံအသိုက်အဝန်း (AEC)  ဖြစ်လာပြီး ဒုတိယနှစ်တွင် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန် များအား ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်စသည့် CLMVနိုင်ငံများသို့ တင်ပို့မှု ကျဆင်းခဲ့ပြီး ဈေး ကွက်ဝေစု ကျဆင်းလာကြောင်း ထိုင်း ကုန်သည်ကြီးများ တက္ကသိုလ်၏လေ့လာ မှုတွင် တွေ့ရှိရပါသည်။
ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုကို အဓိကအခြေစိုက်ထားသည့်   ဦးဆောင် နိုင်ငံခြားစက်ရုံများသည် ထုတ်လုပ်မှု အခြေစိုက်နိုင်ငံ အသစ်များဖြစ်သည့် CLMV    နိုင်ငံများသို့ ပြောင်းရွှေ့၍ ထိုင်းနိုင်ငံ၏ ထုတ်ကုန်များနေရာကို အစားထိုးမည့် ကုန်စည်အသစ်များကို ထုတ်လုပ်လျက်ရှိပါသည်။ ထို့အပြင် CLMV  နိုင်ငံများသည် ထိုင်း နိုင်ငံ ၏ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအခြေခံ တာရှည်ခံထုတ်ကုန်များအား အလွန် ကြီးမားသည့် တရုတ်ဈေးကွက်သို့ ပြန် လည်တင်ပို့မှု (Re-export) ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။CLMV   နိုင်ငံ များ၏ စီးပွားရေးတိုးတက်မှုသည် မြင့်မားကြ၍ တစ်နှစ်လျှင် ပျမ်းမျှ တိုးတက်မှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းခန့်ရှိပြီး ရှေ့လာ မည့် ငါးနှစ်အထိ ဆက်လက်တိုးတက်မည့် အလားအလာကောင်းများ ရှိကြောင်း ထိုင်းကုန်သည်ကြီးများတက္ကသိုလ်၏ လေ့လာမှုတွင် တွေ့ရှိရပါသည်။
၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန် များအား CLMV  သို့ တင်ပို့မှုသည် ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သော် လည်း ၂၀၁၀-၂၀၁၅ ခုနှစ်အထိရှိခဲ့သော ပျမ်းမျှတိုးတက်မှု နှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်းထက် အနည်းငယ်ကျဆင်းခဲ့ ပါသည်။  AEC  အဖြစ် မထူထောင်မီ ကတည်းက အာဆီယံဒေသရှိ ထိုင်း နိုင်ငံ၏ စိုက်ပျိုးရေးနှင့် လယ်ယာထွက် ကုန်ဈေးကွက်သည် အလွန်ကြီးမားခဲ့ ပြီး ၂၀၁၅ ခုနှစ်တွင် ဈေးကွက် တန်ဖိုး စုစုပေါင်းဘတ် သုံးထရီလီယံ၊ ၂၀၁၆ ခုနှစ်တွင် ဘတ် ၃ ဒသမ ၇ ထရီလီယံနှင့် ၂၀၁၇ ခုနှစ်တွင် ဘတ်လေးထရီလီယံ အထိ တိုးတက်လာမည်ဖြစ်ပါသည်။
AEC ထူထောင်ပြီး တစ်နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် မလေးရှား နိုင်ငံ စိုက် ပျိုးရေးနှင့် လယ်ယာထွက်ကုန်များအား အာဆီယံဈေးကွက်သို့ တင်ပို့မှုသည် ၁၇ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံသည် ၁၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား နိုင်ငံသည် ၁၆ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မှုရရှိခဲ့ကြပါသည်။
ထိုင်းနိုင်ငံအနေဖြင့်AEC  ထူ ထောင်ပြီးနောက်တွင် ပြောင်း၊ ပဲပိစပ်၊ ငှက်ပျောသီး၊ တာရှည်ခံအသားနှင့် တာရှည်ခံပင်လယ်စာ  တင်ပို့မှုများ မြင့်တက်ခဲ့သော်လည်း ဆန်၊ ရော်ဘာ၊ ကော်ဖီ၊ ပီလောပီနံနှင့် သရက်သီး တင်ပို့မှုများ ကျဆင်းခဲ့ပါသည်။ ထို့ ကြောင့် တင်ပို့မှုကျဆင်းနေသည့် ကုန် စည်များကို ထုတ်လုပ်နေသည့် ထိုင်း လုပ်ငန်းရှင်များသည် ၎င်းတို့၏ထုတ် လုပ်မှုများကိုCLMV   နိုင်ငံများသို့ ပြောင်းရွှေ့သင့်ကြောင်း၊ ထိုင်းအစိုးရ နှင့် တာဝန်ရှိအဖွဲ့အစည်းများအနေ ဖြင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ ထုတ် ကုန်အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း များ တိုးတက်လာစေရန်အတွက် လို အပ်သော ကူညီမှုများကို အရှိန်အဟုန် ဖြင့် ဖြည့်ဆည်းပေးသင့်ကြောင်း ဖော်ပြ ထားပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

International Trade News

Pages