ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပမည့် Texworld and Texworld Denim သို့ မြန်မာနိုင်ငံမှ သွားရောက်ပြသမည်

Wed, 09/13/2017 - 08:03 -- admin_ygn

   ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Le Bourget  တွင်   ကျင်းပမည့်Texworld and Texworld Denim  ကုန်စည်ပြပွဲသို့ မြန်မာ နိုင်ငံမှ အထည်ချုပ်လုပ်ငန်း တစ်ခု က သွားရောက်လေ့လာ ပြသမည် ဖြစ်ကြောင်း သိရသည်။ အဆို ပါပြပွဲကို စက်တင်ဘာ လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ပြသသူပေါင်း ၆၀၀ ခန့် လာရောက် ပြသကြမည်ဖြစ်သည်။ ယင်းပြပွဲ သည် ဥရောပရှိ အထည်အလိပ် ဈေးကွက်တွင် ဦးဆောင်နေရာ တွင် ရပ်တည်နေသည့်ပြပွဲတစ်ခုအဖြစ် ၁၃ ကြိမ်မြောက်အဖြစ် ပြသခြင်းဖြစ် သည်။ ပြပွဲတွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီး ယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ ဆွီဒင်၊ တရုတ်(တိုင်ပေ)၊ တူရကီနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတို့မှ အဝတ်အထည်ထုတ်လုပ်သူများနှင့် တွေ့ဆုံနိုင်ခွင့်အခွင့်အရေးများ ရရှိမည် ဖြစ်သည်။မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းသည် ဂျာမန်လက်လီ ရောင်းချသူလုပ်ငန်းရှင်များ၏ နိုင်ငံခြား ကုန်သွယ်ရေးအသင်းerman Retailers' Foreign Trade Association (AVE)  ၏ ကူညီပံ့ပိုးမှုဖြင့် အဆိုပါ ပြပွဲသို့ သွားရောက်လေ့လာပြသခွင့်ရရှိခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံမှKaicheng Garment (Myanmar) Co., Ltd သည် မြန်မာ နိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ သွား ရောက်ပြသလေ့လာကြမည်ဖြစ်သည်။အဆိုပါKaicheng Garment (Myanmar) Co., Ltdသည် နိုင်ငံတကာ စံချိန်မီ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်နှင့် ကလေး အဝတ်အထည် အမျိုးမျိုး တို့ကို ထုတ်လုပ်ကာ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိသည်

International Trade News

Pages