တရုတ်နိုင်ငံ အစိုးရပိုင် Sinochem ကုမ္ပဏီသို့ ရော်ဘာတန်ချိန် နှစ်သိန်းရောင်းချရန် ထိုင်းနဲ့ တရုတ်တို့ စာချုပ်ချုပ်ဆိုမည်

Thu, 11/12/2015 - 14:13 -- admin_ygn

ထိုင်းနိုင်ငံမှရော်ဘာများကို တရုတ်နိုင်ငံ Sinochem Group  သို့ ရောင်းချနိုင်ရန် ထိုင်းအစိုးရနဲ့ တရုတ်နိုင်ငံ Sinochem Group ကုမ္ပဏီတို့ လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့Sinochem Groupကုမ္ပဏီဟာ ထိုင်း နိုင်ငံမှ ရော်ဘာတန်ချိန်နှစ်သိန်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ တာဖြစ်ပြီး စာချုပ်ချုပ်ဆိုတော့မယ် လို့ ထိုင်းနိုင်ငံစိုက်ပျိုး ရေးနဲ့  သမဝါယမဝန်ကြီးဌာနဝန်ကြီးက  ပြောကြားခဲ့ပါ တယ်။
အခုလို စာချုပ်  ချုပ်ဆိုလိုက်တာဟာ ထိုင်းနိုင်ငံ အနေနဲ့ ပြည်တွင်းမှာ ပိုလျှံနေတဲ့ရော်ဘာတွေကို တရုတ် နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းချက်တွေအနက်က တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရဟာ တရုတ်ဟိုင်နန် ရော်ဘာလုပ်ငန်း ကိုလည်း တန်ချိန် ၄၀၈၀၀၀  ရောင်းချထားပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရော်ဘာစိုက်တောင်သူများအတွက် ဘတ် ၁၂ သန်းကို အလုပ်အကိုင်ရှာဖွေရေး၊ ရော်ဘာဈေးကျဆင်း မှုကို ပြန်လည်ဆွဲတင်နိုင်ရေးအတွက် ထောက်ပံ့ပေးသွား မယ်လို့ သိရပါတယ်။ ကုန်ကျစရိတ်လျှော့ချရန်၊ ထုတ်လုပ် မှုကို တိုးမြှင့်ရန် ၊ ပြည်တွင်းလိုအပ်ချက်တိုးလာစေရေးကို အစိုးရက ထည့်သွင်းစဉ်းစားပေးနေပြီ ဖြစ်ပါတယ်။ ဒါ ကြောင့် ထိုင်းနိုင်ငံရဲ့ပြည်တွင်းရော်ဘာဈေးများ ပြန်တက် လာနိုင်လိမ့်မယ်လို့ မျှော်မှန်း ထားပါ တယ်။ထိုင်းနိုင်ငံဟာ ရော်ဘာအများဆုံး ထုတ်လုပ်တင်ပို့ တဲ့နိုင်ငံ ဖြစ်ပြီး တရုတ်နိုင်ငံကတော့ ထိုင်းရော်ဘာကို အများ ဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်ပါတယ်။                         

       CMK

International Trade News

Pages