ချေးငွေများထုတ်ချေးရာ၌ လုပ်ငန်းစဉ်ကြာမြင့်ချိန်များကို လျှော့ချရန်နှင့် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများ၌ ပိုမို ဦးစားပေးရန် အိန္ဒိယအစိုးရကADB ဘဏ်အား တိုက်တွန်း

Tue, 05/30/2017 - 07:39 -- admin_ygn

      အာရှဖွံ့ဖြိုးရေးဘဏ်(ADB)   အနေဖြင့်   လုပ်ငန်းတူပြိုင်ဖက်များထက် အသာရနေစေရန်အတွက် ချေးငွေများ ခွင့်ပြုခြင်းနှင့်  ထုတ်ပေးခြင်းလုပ်ငန်းစဉ် များအား ပိုမိုမြန်ဆန်စွာဆောင်ရွက်ရန်နှင့် အခြားသော စီမံကိန်းများ ထက် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ စီမံကိန်းများ အထူးသဖြင့် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက်  အရင်းအနှီးများ ပိုမိုထုတ်ပေးသင့်သည်ဟု  ဂျပန်နိုင်ငံ၊ ယိုကို ဟားမား ပြည်နယ်၌ကျင်းပခဲ့သည့် ဗီြ ဘုတ် အဖွဲ့ဝင်  အကြီးအကဲများ အစည်း အဝေး၌ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး အရန်ဂျိတ်တလေက  တိုတ်တွန်းပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
အခြေခံ အဆောက်အအုံဆိုင်ရာ ချေးငွေများထုတ်ချေးပေးသည့်  အတိုင်း အတာပါဝင်မှုတိုးပွားလာနေသည့် အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုဘဏ်(Asian Infrastructure Investment Bank)   နှင့်  ဖွံ့ဖြိုးရေးဘဏ်သစ်(New Development Bank) ကဲ့သို့သော  ဘက်စုံချေးငွေထုတ်ချေးသည့် အဖွဲ့ အစည်းသစ်များ ပေါ်ပေါက်လာသည့် နောက်ပိုင်းတွင် ၎င်းင်း၏အဆိုပါတိုက်တွန်း ချက်သည် အရေးပါသည်ဟု ဆိုနိုင်ကြောင်း၊ ADB အနေဖြင့် တောင် အာရှဒေသ အတွက် ဒေသဆိုင်ရာရုံးခွဲအား နယူးဒေလီမြို့၌ လာရောက်ဖွင့်လှစ်ရန်နှင့် စွမ်းအင် ကဏ္ဍ၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအား  ချေးငွေ များ/အကူ အညီများပေးရာ၌ ဈေးနှုန်းသင့်တင့်သည့် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့်  သောက်သုံးရေရရှိရေးနှင့်  မိလ’ာစနစ်များ တိုးတက်ကောင်းမွန်လာစေရေးတို့ တွင်  အထူးအလေးထားထောက်ပံ့ပေးရန် အရန်ဂျိတ်တလေက တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ နယူးဒေလီမြို့

 

International Trade News

Pages