အခကြေးငွေယူဆောင်ပြီး ဝန်ဆောင်မှုလုပ်ဆောင်နေသည့် အေးဂျင့်များ တာဝန်ခံမှုရှိရန်လိုအပ်

Fri, 01/16/2015 - 12:57 -- admin_ygn

   အခကြေးငွေယူဆောင်ပြီး ဝန် ဆောင်မှုလုပ်ဆောင်နေတဲ့ အေးဂျင့်များဟာ ကားပေါ်ပါကုန်ပစ္စည်းများကို စတင်စစ်ဆေးသည်မှ ကားထွက်ခွာသည်ထိတာဝန်ရှိပါကြောင်း၊ မိမိတာဝန်ယူထားတဲ့ ကားတစ်စီးထွက်ရှိအောင် မိမိကားပေါ်ပါလာတဲ့ ပစ္စည်းများနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မိတ္တူ အကုန်လုံးသေချာ အောင်စိစစ်ပြီးပစ္စည်း သယ်မဲ့ယာဉ် ယာဉ်မောင်းထံအပ်နှံရမှာဖြစ်ကြောင်း၊ ယာဉ်မောင်းအနေနဲ့ကလည်း မိမိကား ပေါ်ပါလာတဲ့ ပစ္စည်းအမျိုးအစား အားလုံးနဲ့ စာရွက်စာတမ်းကိစ္စကိုမသိရှိပါကြောင်း၊ တာဝန်ရှိသူ က စစ်ဆေးမှသာ ဟိုစာရွက်မပါ ဒီစာရွက်မရသေးဘူးဆိုတာ မကြာခဏ ကြုံတွေ့နေကြောင်း၊ စည်းကမ်းရှိရှိ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အလွယ်တကူ အဓိပ္ပါယ်အမျိုးမျိုးသက်ရောက်တဲ့ လျှောက်ထားမှုများမရှိစေလိုကြောင်း၊ ဥပမာ Lady wear/  men wear စသည့်အသုံးအနှုန်းတွင် အဆိုပါ  Lady wear/  men wear မှာ ခေါင်း ကနေ ခြေဖျားအထိ သုံးစွဲတဲ့ အသုံးအဆောင်မှာ ပါဝင်ပါကြောင်း၊ ကုန်သွယ်မှုတိုးတက်ရန် တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ ကုန်သည်လုပ်ငန်းရှင် အေးဂျင့်များ၊ ဌာနဆိုင် ရာများပူးပေါင်းပြီး လက်တွဲညီညီဆောင်ရွက်မှသာ ကုန်သွယ်မှုတိုးတက်လာမှာဖြစ်တယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့သတင်းရရှိပါ တယ်။
   မြဝတီကုန်သွယ်မှုလမ်းကြောင်းဟာ ရှောင်ကွင်းလမ်းများပြားပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုပြုတဲ့ အများဆုံးနယ်မြေလည်းဖြစ်ကြောင်း၊ လာရောက်လျှောက်ထားသော ပစ္စည်းများ လျှောက်ထားသင့်သော ဈေးနှုန်းဖြစ်ရန်လိုအပ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များကလည်း မိမိဝယ်ယူသောပစ္စည်းဈေးနှုန်းကို သိပါကြောင်း၊ မြေပြင်ရောင်းဈေးကို လည်းသိပါကြောင်း၊ မတော်လောဘဖြင့် မဖြစ်သင့်တဲ့ ဈေးနှုန်းနဲ့လာရောက် လျှောက်ထားမှုများကို မိမိတို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ စိစစ်ဆောင်ရွက်နေတာကို အခွန်ကြေးမြင့်တယ်လို့မှတ်ယူနေကြောင်း၊ ထိုသို့မဟုတ်ပါကြောင်း အားလုံးမှန်မှန်ကန်ကန်နဲ့ တက်ညီလက်ညီဆောင်ရွက်ပါကလျာထားချက်ပြည့်မီလာမည်ဖြစ်ကြောင်း၊ မြန် မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကုန်သွယ်ရေးဇုန် အင်္ဂါရပ်နဲ့အညီ ကုန်သွယ်မှုတိုးတက်လာမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းအနေနဲ့ တရားမဝင်ကုန်သွယ်မှု သယ်ဆောင်မှုများမရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုနဲ့ သယ်ဆောင်မှုများလျော့နည်းကျဆင်းရေး ဝိုင်းဝန်းဆောင်ရွက်ရန် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံက အသိပေးပြောကြားခဲ့တယ်လို့သိရပါတယ်။

MIRT (DCCA)

 

Border Trade News

Pages