မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ပို့ကုန်တန်ဖိုးမြင့်တက်

Mon, 01/12/2015 - 15:05 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိမြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒီဇင်ဘာလ အတွင်း ပို့ကုန်ကန်ဒေါ်လာ ၉ ဒသမ ၇၁၆ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၈၈၀ သန်းဆောင် ရွက်နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၁၃ ဒသမ ၅၉၆ သန်းရရှိခဲ့ပါတယ်။ မြိတ်စခန်းအနေနဲ့ အနီးစပ်ဆုံးကာလထက် ပို့ကုန်ကန်ဒေါ်လာ  သုည ဒသမ ၆၄၀ သန်း ပိုမိုပြီးယမန်နှစ်ကာလတူထက်လည်း ကန်aဒါ်လာ သုည ဒသမ ၁၀၀ သန်းပိုမိုခဲ့ပါတယ်။  အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်ပိုမိုရခြင်းမှာ ဒီဇင် ဘာလအတွင်း လယ်ယာထွက်ကုန်ဖြစ်သော ရော်ဘာ၊ သစ်တောထွက်ဖြစ်သော နီးဘန်း၊ ကဒွတ်၊ ကညင်၊ ရေထွက်ကုန်ဖြစ်သော ရေငန်ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ကဏန်းပျော့၊ ကဏန်းအသေ၊ ငါး ခြောက်၊ ငါးမျိုးစုံ၊ ငါးမှုန့်၊ ငါးအသားလွှာနဲ့ ပုစွန်တို့ အများဆုံးတင်ပို့ခဲ့သောကြောင့်ဖြစ်ပါတယ်။

ခင်မြနွယ် MIRT (DCCA)

Border Trade News

Pages