ပြည်တွင်းငွေလဲနှုန်းများ ဈေးအမြင့်ဖြင့် ဈေးငြိမ်ကာ အရောင်းအဝယ်သွက်နေ

Wed, 12/20/2017 - 04:44 -- admin_ygn

     ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခုတစ်ပတ်တွင် ဈေးအမြင့်ဖြင့်ပင် ဈေးငြိမ်နေကာ အရောင်းအဝယ်သွက် နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းငွေ လဲနှုန်းများသည် ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်ကထက် တစ်ကျပ် ခန့် မြင့်တက်လာသော်လည်း တစ်ပတ်အတွင်းတွင် ယင်းမြင့်တက်ခဲ့သည့် ဈေး အတိုင်းပင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးမြင့်တက်လာေ သာ် လည်း ဈေးကွက်အတွင်း အရောင်းအဝယ်များ ဖြစ် လျက်ရှိကြောင်း၊ ကမ္ဘာ့ငွေလဲဈေးကွက်တွင်လည်း ဒေါ်လာနှင့်ဖလှယ်နှုန်းများ မြင့်တက်လျက်ရှိသည်ဟုဆိုသည်။
        "ဈေးကွက်ထဲမှာ ငွေလဲနှုန်းတွေ မြင့်တက်နေတယ်ဆိုပေမယ့် ကမ္ဘာ့ဈေးကွက် မှာလည်း မြင့်တက်နေတာကြောင့် ပြည်တွင်းမှာ မြင့်တက်လာရတာပါ။ ဗဟိုဘဏ်ကလည်း သူ့ရဲ့ရည်ညွှန်းငွေလဲနှုန်းကို ၁၃၆၄ ကျပ်ကနေ ၁၃၆၅ ကျပ်ကို ပြောင်းပြီး သတ်မှတ်လိုက်တဲ့အခါကျတော့ အပြင်က ဈေးလည်းလိုက်တက်လာရတာပါ" ဟု ငွေလဲဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးကဆိုသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းငွေ လဲနှုန်းများကို ထုတ် ပြန်ရာတွင် ဒီဇင်ဘာ ၁၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၄ ကျပ်သတ် မှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၅ ကျပ် သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ပြည်တွင်းငွေ လဲစင်တာများတွင် ဒီဇင်ဘာ ၁၁ ရက်က ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၇ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် ရောင်းဈေး ၁၃၅၉ကျပ်၊ ဝယ်ဈေး ၁၃၅၇ ကျပ်သို့မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ရောင်းဈေး ၁၃၅၈ ကျပ်၊ ဝယ်ဈေး ၁၃၅၇ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages