ကန့်ဘလူမြို့နယ်မှ ပဲတီစိမ်းသီးနှံ ဈေးကွက်အခြေအနေ

Tue, 06/11/2024 - 03:56 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင် သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇွန်လပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုး(52) နှင့် ပဲတီစိမ်းထွက်တိုး(55) တို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း သီးနှံမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ ခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူ ဈေးနှုန်းများထက် ပိုမိုရရှိလျက်ရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages