တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်လမ်းစဉ်အတွက် အဓိကစမ်းသပ်ဇုန်ဖြစ်လာမည့် ရှန်းကျန့်မြို့

Fri, 09/06/2019 - 07:39 -- admin_ygn

    တရုတ်နိုင်ငံသည် ဟောင်ကောင်နှင့်ကပ်လျက်တွင်တည်ရှိသော ရှန်းကျန့်အား တရုတ်၏ဝိသေသလက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်အတွက် သရုပ်ဖော်ပြသည့် စမ်းသပ်ဇုန်တည် ဆောက်ရာတွင် ပံ့ပိုးပေးသွားမည်ဖြစ်ကြော င်း နိုင်ငံတော် ကောင်စီနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သြဂုတ် ၁၈ရက်တွင် ထုတ်ပြန်လိုက်သော လမ်းညွှန်ချက်အရသိရသည်။ ထိုသို့ပံ့ပိုးပေးခြင်းဖြင့် ဘက်စုံနည်းလမ်းဖြင့် ကြီးမားခေတ်မီသော ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရာတွင် လမ်းအသစ်ကို ရှာဖွေရန် ကောင်းမွန်သောနည်းလမ်း ဖြစ်လာနိုင်ပြီး၊ တရုတ်နိုင်ငံ၏ အိပ်မက်ဖြစ်သော ကြီးမားသည့် အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲရေး အကောင်အထည်ပေါ်လာရေးအတွက် ခိုင်မာ သည့် ပံ့ပိုးမှုကို ပြုလုပ်ပေးနိုင် မည်ဖြစ်သည်။ ဤပံ့ပိုးမှုမှာ ကွမ်တုန်း-ဟောင် ကောင်-မကာအို ပိုမိုကြီးမားသော ပင်လယ်ကွေ့ နယ်မြေအား ပိုမိုဖွံ့ဖြိုးလာစေရန် ကူညီပေးနိုင် မည်ဖြစ်ပြီး " နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်ခု" အခြေခံ မူအားကျင့်သုံးရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

    ရှန်းကျန့်သည် သုတေသနနှင့် ဖွံ့ဖြိုးရေးကို ဦးစားပေးသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့အဆင့်မီ စက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှု စွမ်းဆောင်ရည် များဖြင့် စီးပွားရေးခိုင်မာ အားကောင်းမှုနှင့် အရည် အသွေးမီ ဖွံ့ဖြိုးရေးတို့ဖြင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ ထိပ်တန်း နိုင်ငံများအကြား နေရာရလာစေရမည် ဟု လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။ ရှန်းကျန့်အား ခေတ်မီသော နိုင်ငံတကာ အဆင့်ဖြစ်ပြီး တီထွင်ဆန်းသစ်သော မြို့တော် အဖြစ်တည်ဆောက် ပြီးနောက်  ၎င်း၏ ယဉ်ကျေးမှု စွမ်းအားကို ကြီးမားစွာမြှင့်တင်ကာ ၎င်းင်း၏အစိုးရ ဝန်ဆောင်မှုအဆင့်နှင့် ဂေဟဆိုင်ရာသဘာဝပတ် ဝန်းကျင်အရည်အသွေးကို နိုင်ငံတကာတွင် ရှေ့တန်းရောက်နိုင်သောအဆင့်အထိ ရောက် ရှိစေရမည်ဟုလည်း ဖော်ပြပါရှိသည်။ ၂၀၃၅ ခုနှစ်တွင် ရှန်းကျန့်မြို့သည် အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဆင့် စံပြမြို့တော်နှင့် တစ်ကမ္ဘာလုံးက  အသိအမှတ်ပြု ရသည့်တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွ င်မှု ဗဟိုဌာနဖြစ်လာစေမည်ဖြစ်သည်။ ၎င်းမြို့မှာ တရုတ် နိုင်ငံအတွက် အင်အားကြီးမားသောခေတ်မီ ဆိုရှယ်လစ်နိုင်ငံအသွင် တည်ဆောက်ရန် နမူနာ မြို့ တစ်မြို့ဖြစ်လာစေမည်ဖြစ်သည်ဟု လမ်းညွှန်ချက်တွင် ဖော်ပြထား သည်။
    ရှန်းကျန့်၊ ဟောင်ကောင်နှင့် မကာအိုမြို့များတွင် ၎င်းတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန်နှင့်  နိုင်ငံသားတို့၏ စရိုက်လက္ခဏာများကို ခိုင်မာအားကောင်း စေရန် ယဉ်ကျေးမှုဆိုင်ရာနှင့် အနုပညာလှုပ်ရှားမှု များကို ပူးတွဲကျင်းပရန်နှင့် ၎င်းမြို့များအား ဗဟိုအစိုးရက ကူညီသွားမည်ဖြစ်သည်။ လမ်းညွှန်ချက်ကို ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် နက်နဲသော အလုံးစုံပြုပြင်ပြောင်းလဲရေးအတွက် ဗဟိုကော်မတီ၏ နဝမအကြိမ် အစည်းအဝေးတွင် ပြန်လည်သုံးသပ်ခဲ့ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတောင်ပိုင်းတွင်ရှိသည့် ရှန်း ကျန့်မြို့တွင် လူဦးရေ ၁၂ သန်းရှိပြီး ၎င်း၏ ခိုင်မာ သော တီထွင်ဆန်းသစ်မှုစွမ်းဆောင်ရည်ကြောင့် လူသိများသည်။ ယင်းမြို့ တွင် ဟွာဝေး (Huawei)နှင့် တန်းဆင့် (Tencent)အပါအဝင် အမျိုးသား အဆင့်အဆင့်မြင့်နည်းပညာလုပ်ငန်းနှင့် နည်းပညာကုမ္ပဏီကြီးပေါင်း ၁၄၀၀၀ကျော်ရှိသည်။ အမျိုးသားစီမံခန့်ခွဲမှုကျောင်းမှ စီးပွားရေး ပါမောက္ခ Wang Xiaoguang က ရှန်းကျန့်မြို့တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၏ ဥပမာများစွာရှိပြီး၊ တံခါးဖွင့်မှုများမှာ ရှန်းကျန့်မြို့မှ စတင်ဖြစ်ပေါ်လာကြောင်း သြဂုတ် ၃ ရက်တွင် ထုတ်ဝေခဲ့သည့် အပတ် စဉ်ထုတ်စာစောင်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ရှန်းကျန့်မြို့သည် တရုတ်၏ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်မှုများနှင့် ခေတ်မီတည်ဆောက်ရေးတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကို ထပ်ပေါင်းထည့်လျက် ရှိကြောင်း၊ တရုတ်တို့၏ ဝိသေသလက္ခဏာများနှင့် ဆိုရှယ် လစ်လမ်းစဉ်၏ လမ်းကြောင်းကို စူးစမ်းရှာဖွေရန် သိသာထင်ရှားစွာ ပါဝင်မှုများပြုလျက်ရှိကြောင်း Wang က ပြောကြားခဲ့သည်။ တရုတ်တို့၏ ဝိသေသလက္ခဏာနှင့် ဆိုရှယ် လစ်လမ်းစဉ်၏ အရေးကြီးသည့် အချက်မှာ ပါတီ၏ ဦးဆောင်မှုဖြစ်ကာ အခြေအနေအလုံးစုံပူး ပေါင်းဆောင်ရွက်ရာတွင် ဗဟိုအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု စတင်က တည်းက ဈေးကွက်နှင့် အစိုးရတို့အကြား ဆက်ဆံရေးကို ကိုင်တွယ်ရာ တွင် ရှန်းကျန့်မှာ ဥပမာကောင်းတစ်ရပ်ဖြစ်ကြောင်း ပါမောက္ခ Wang က ရေးသားခဲ့ပါသည်။

 

ရင်းမြစ်။ chinadaily
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး (နန်နင်းမြို့)

International Trade News

Pages