မူဆယ်-မန္တလေးလမ်းကြောင်းတွင် MobileTeam အဖြစ် အသွင်ယူ အယောင်ဆောင်ငွေတောင်းခံနေသည့် အဖွဲ့အား ဖော်ထုတ်နိုင်ခဲ့

Tue, 05/07/2013 - 04:24 -- admin

မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ စားသုံးသူအကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူးဦးစန်းလွင် ဦးစီးတဲ့အဖွဲ့ဟာ နောင်ချိုမြို့ အေးရှားဝေါလ် တိုးဂိတ်အနီးတွင်အခြေပြုကာ ယာဉ်များအား စစ်ဆေးဆောင်ရွက်လျက်ရှိရာနောင်ချို-ကျောက်မဲ-လားရှိုး-မူဆယ်ပြေးဆွဲနေတဲ့ ယာဉ်များရဲ့ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်သွားလာနေမှုအား ကြမ်းတမ်းစွာ ဖမ်း ဆီးလျက်ရှိပြီး မိုးကုတ်-ပြင်ဦးလွင် ကားလမ်းမှာလည်း ဝင်ရောက်ဖမ်းဆီးမှုများ ကြောင့်ဒေသခံများနဲ့ လက်လုပ်လက်စား အလုပ်အကိုင်မဲ့သူများရဲ့ တရားမဝင် ကယ်ရီသယ်ဆောင်မှုလုပ်ငန်းများအပေါ် စီးပွားပျက်အကျိုးယုတ်ထိခိုက်စေလျက် ရှိကြောင်း၊ သြဘငူန ွှနော အဖွဲ့ဝန်ထမ်းများမှ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ် (၁) စီးလျှင် ငွေကျပ် (၁) သိန်း၊ (၁)သိန်းခွဲခန့်ဖြင့် ညှိနှိုင်းကြေးပေးပြီး ဖြတ်သန်းခွင့်ပြုနေကြောင်း ထိုးနှက် သတင်းများဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရပါတယ်။ အဆိုပါသတင်းဖြစ်ပေါ်နေမှုကို Mobile Team အဖွဲ့ခေါင်းဆောင်နဲ့ ဌာနအလိုက် အဖွဲ့ငယ်ခေါင်းဆောင်များမှ မိမိဝန်ထမ်းများအားကုန်သည်လုပ်ငန်းရှင်၊ ယာဉ်မောင်းနဲ့အဖွဲ့အပေါ်မနှစ်လိုသူ၊ မကျေနပ်သူများရဲ့ စည်းရုံးဆွဲဆောင် သိမ်းသွင်းမှု မခံရစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသလို သတင်းကွင်းဆက် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၅-၃-၂၀၁၃ နေ့ ၀၅း၃၀ နာရီတွင် Mobile Team အဖွဲ့အသွင်ယူ အယောင်ဆောင် ငွေတောင်းခံ နေတဲ့ အဖွဲ့ဝင် (၄) ဦးပါအဖွဲ့အား ဖော်ထုတ်ရရှိခဲ့ပါတယ်။ ဖြစ်စဉ်အသေးစိတ်မှာ ၅-၃-၂၀၁၃ ရက်နေ့ ၀၀း၃၀ နာရီတွင် Mobile Team အဖွဲ့မှ ကုန်တင်ယာဉ်များစစ်ဆေးနေချိန် Toyota Mark II ယာဉ်အမှတ် xxxx တစ်စီးစစ်ဆေးတဲ့ နေရာသို့ရောက်ရှိလာပြီး အမည်မသိယာဉ်မောင်းမှ xxxx အဖွဲ့က ဖြစ်ကြောင်း ဖမ်းဆီးစာရင်း ယခုလိုချင်ကြောင်း ပြောကြားလာရာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ လောလောဆယ်မပေးနိုင်သေးကြောင်း၊ တရားဝင်စာဖြင့် တောင်းခံပါက အဖွဲ့ခေါင်းဆောင်ထံ တင်ပြပြီး ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားနေစဉ် (တရားမဝင်ပစ္စည်းများ တင်ဆောင်ထားတဲ့) ဆန်နီယာဉ်အမှတ် xxxx မှာ ရပ်တန့်အစစ်ဆေးခံခြင်းမရှိဘဲ အေးရှားဝေါလ် ဂိတ်သို့ မောင်းနှင်သွားခဲ့သဖြင့်အသင့်စောင့်နေတဲ့ Mobile Team မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှပြန်လည်ခေါ်ဆောင်လာစဉ် ကြိုရောက်နေပြီး စာရင်းလာတောင်းတဲ့ Toyota Mark II ယာဉ်မှာ အရှိန်နဲ့ မောင်းနှင် ထွက်ခွာသွားပါတယ်။ အေးရှားဝေါလ်ဂိတ်ကခေါ်လာတဲ့ဆန်နီယာဉ်အမှတ် xxxx ပေါ်မှာလိုက်ပါ လာတဲ့ ခရီးသည်များကို စိစစ်မေးမြန်းချက်အရ စာရင်းလာတောင်းတဲ့ xxxx ဆိုသူနဲ့ တွေ့ဆုံခဲ့ပြီး Mobile Team အဖွဲ့မှဖြတ်လျှင်ကျပ် (၁) သိန်းခွဲပေးရမှာဖြစ်ကြောင်း၊ ကျပ် (၁)သိန်းဖြင့်နောက်ဆုံးဈေးတည့်ခဲ့ပြီး စာရင်းတောင်းလာသူနဲ့အတူပါလာ တဲ့ ယာဉ်မောင်းမှ၎င်းင်းရဲ့ယာဉ်စစ်ဆေးရေးဂိတ်သို့ဝင်ရောက်နေစဉ် ဆန်နီယာဉ်အား ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင် သွားရန်ပြောကြားထားကြောင်း သိရှိရပါတယ်။ ၎င်းအဖွဲ့နဲ့ အဓိကဆက်စပ်ပေးသူမှာ စာရင်းလာတောင်းသူဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ပြီး သတင်းကွင်းဆက်ဖော်ထုတ်ခဲ့မှုအရ အဖွဲ့ဝင် (၄) ဦးပါရှိကြောင်း တရားဥပဒေအရ အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။        
ကမရ

Border Trade News

Pages