မတ်လနှောင်းပိုင်း တမူးစခန်း ကုန်သွယ်မှုအခြေအနေ

Tue, 05/07/2013 - 07:29 -- admin

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန (တမူး) စခန်းအနေနဲ့ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်ထိ ကာလအတွင်း ပို့ကုန် သုည ဒသမ ၂၆၆ ဒေါ်လာသန်း၊ သွင်းကုန် သုည ဒသမ ၂၄၄ ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ သုည ဒသမ ၅၁၀ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်ပစ္စည်းများမှာ ကွမ်းသီး ၁၀၀ တန်၊ ငါးလေး ခြောက် ၄ တန်၊ မျောက်ငိုသီး ၅ တန်၊ စီးကရက် ၁၁ ဒသမ ၄ တန်နဲ့ နန့်ဖာလုံကုန်စုံ များ ဖြစ်ပါတယ်။ သွင်းကုန်ပစ္စည်း များမှာ ဂျုံစေ့ ၄၄ တန်၊ စပျစ် သီးခြောက် ၅ တန်၊ ချည် ၃ တန်နဲ့ ဆံပင်၊ ချွတ်ဆေးမှုန့်၊ နိုင်လွန်ချည်တို့ဖြစ်ပါတယ်။  တစ်ဆင့်သယ်စနစ် TTနှင့် အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ Benovate-N (ယားနာလိမ်း ဆေး) ၂၅ ဒသမ ၂ တန်၊ တန်ဖိုး သုည ဒသမ ၂၁၀ ဒေါ်လာ သန်းဖိုးတင်သွင်း ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ITC ကတ်နဲ့ပို့ကုန် လုပ်ငန်းဆောင်ရွက်မှု မရှိသော် လည်း သွင်းကုန်အနေနဲ့ ဘတ္ထရီ အိုး၊ ပုဆိုး၊ ဖိနပ်၊ ပိတ်ဖြတ်စများ သုည ဒသမ ၀၁၁ ဒေါ်လာ သန်းဖိုး တင်သွင်းနိုင်ခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။ တမူးစခန်းရဲ့ မတ်လတစ် လလုံးမှာ ပို့ကုန်ကန်ဒေါ်လာ ၁ ဒသမ ၂၀၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၅၈၃ သန်းနဲ့ ကုန်သွယ်မှုပမာဏ ၁ ဒသမ ၇၈၉ သန်းဆောင်ရွက်နိုင် ခဲ့တယ်လို့ သိရပါတယ်။ မတ်လ အတွင်းအများဆုံးတင်ပို့နိုင်ခဲ့တဲ့ အများဆုံးပို့ကုန်ပစ္စည်းတွေကတော့ ကွမ်းသီးခြောက်၊ စီးကရက်၊ နေကြာစေ့၊ ပလတ်စတစ်အိတ်နဲ့ ဖယောင်းတိုင်တို့ဖြစ်ပြီး အများဆုံးတင်သွင်းနိုင်တဲ့ပစ္စည်းများမှာ ယားနာ လိမ်းဆေး၊ ဂျုံမှုန့်၊ ဂျုံစေ့၊ ဇာတိဖ္ပိုလ်သီးနဲ့ မော်တော်ဆိုင်ကယ်တို့ဖြစ် တယ်လို့သိရပါတယ်။
စံဖြိုးေ၀ (တမူး)

Border Trade News

Pages