ကူးသန်းရောင်းဝယ်ရေးစခန်းများတွင် ITC နဲ့ ကျပ်သန်း ၈၄၀ ကျော် ဆောင်ရွက်ထားပြီးဖြစ်

Tue, 05/07/2013 - 08:31 -- admin

တစ်ဦးတည်းပိုင်ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကတ် (Individual Trading Card -ITC ) နဲ့ ကုန်သွယ်မှုဆောင်ရွက်ခြင်းအား ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှစပြီး တမူူးနယ်စပ်၊ မူဆယ်နှင့် မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်များမှာ ဒီဇင်ဘာ ၁ ရက်၊ တာချီလိတ်ကူးသန်းရောင်းဝယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်၊ လွယ်ဂျယ်ကူးသန်းရောင်းဝယ်ရေးစခန်းတွင်မတ်လ ၁ ရက်၊ စစ်တွေနဲ့မောင်တော ကူးသန်းရောင်းဝယ်ရေးစခန်းများတွင် ဧပြီလ  ၁ ရက်နေ့တို့မှာ ITC နဲ့စတင် လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကစတင်ပြီးချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မြိတ်၊ ကော့သောင်းနဲ့ ထန်တလန် ကူးသန်းရောင်းဝယ်ရေးစခန်းများမှာ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဧပြီလ ၁၉ ရက်နေ့ထိ တမူးကူးသန်းရောင်းဝယ်ရေးစခန်းမှာ ( ၆၈ ) ဦး၊ မူဆယ် ကူးသန်း ရောင်းဝယ်ရေး ဇုန်မှာ ( ၁၄၂ ) ဦး၊ မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှာ ( ၃၄ ) ဦး၊ တာချီလိတ်ကူးသန်း ရောင်းဝယ်ရေးစခန်းမှာ ( ၄၅ ) ဦးနဲ့ လွယ်ဂျယ်ကူးသန်းရောင်းဝယ်ရေးစခန်းမှာ ( ၇ )ဦး ၊ စုစုပေါင်း ( ၂၉၆ ) ဦးအား ITC ခွင့်ပြုထုတ် ပေးထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ လွယ်ဂျယ်ကူးသန်းရောင်းဝယ်ရေးစခန်းမှာ ရာသီကုန်ဖရဲသီးများ တင်ပို့နိုင်ရန်အတွက် မတ်လ ၁ ရက်နေ့ကစပြီး ခွင့်ပြုထားပြီးဖြစ်ရာ ယခုအခါ ကူးသန်းရောင်းဝယ်ရေးစခန်းများ ၊ ဇုန်များအားလုံးမှာ ITC နဲ့ ဆောင်ရွက်ခွင့်ရနေပြီလို့သိရှိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ထိ  ကူးသန်းရောင်းဝယ်ရေးစခန်းများအနေနဲ့ ပို့ကုန်စောင်ရေ ၁၁ စောင်၊ တန်ဖိုးကျပ် ၁၃၁ သန်းကျော်၊ သွင်းကုန်စောင်ရေ ၂၆၉ စောင်၊ တန်ဖိုးကျပ် ၇၁၆ သန်းကျော်၊ စုစုပေါင်း ကုန်သွယ်မှုကျပ် ၈၄၇ သန်းကျော် ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူအကာအကွယ် ပေးရေး ဦးစီးဌာနမှ သိရှိရပါတယ်။
Source: ကညက                                                   
ပန်

Border Trade News

Pages