လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Mon, 05/13/2024 - 03:43 -- mocadmin

နေပြည်တော်၊ မေလ ၁၀ ရက်

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ်နိုင်ငံထုတ် HONGQ ၊ EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA T5 အမျိုးအစားလျှပ်စစ်သုံးမော်တော် ယာဉ်များ ၊ Premier Automotive Co.,Ltd မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် GEELY GEOMETRY E အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Aung Gabar Motor Services Co.,Ltd မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် ARCFOX အမှတ်တံဆိပ် 7 KW လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၁၀-၅-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ် ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages