ပို့ကုန်တိုးမြှင့်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ရေချိုငါးတင်ပို့မှု

Fri, 06/07/2024 - 03:27 -- mocadmin

   ပြည်တွင်းမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွစသည့် ရေချို ငါးများအား အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိက အများဆုံးဝယ်ယူလျက်ရှိရာတွင် ယခင်က စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးမှုများပြုလုပ်ပြီး တင်ပို့ခဲ့သည်။ ယခုအခါ ပို့ကုန်လမ်းကြောင်းသစ်အဖြစ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့တင်ပို့မည့် ရေချိုငါးများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် စံပြငါးဈေး (အောင်မင်္ဂလာဆိပ်ကမ်း)အား ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့တို့ပါဝင်သည့် One stop Services(OSS) အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့တင်ပို့ရာတွင် One stop Services (OSS) အဖွဲ့မှ နေ့စဉ်တင်ပို့မှုအား အဖွဲဖြင့်စနစ် တကျစစ်ဆေးပြီးပါက Seal ပိတ်ခြင်း၊ ပို့ကုန်လိုင်စင်နှင့် ပို့ကုန်ကြေငြာလွှာပါအတိုင်း ငါးအမျိုး အစား၊ အရေအတွက်ကွဲလွဲမှုမရှိစေရေး စနစ်တကျစစ်ဆေးခြင်းတင်ပို့သည့် ရေယာဉ်ပေါ်တွင် မူးယစ်ဆေးဝါး လက်နက်ခဲယမ်းပစ္စည်းများပါရှိမှုမရှိစေရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါသည်။

   စံပြငါးဈေး(အောင်မင်္ဂလာဆိပ်ကမ်း)မှ ၂၀၂၄ ခုနှစ်၊ မတ်လမှ ဇွန်လ ၁ ရက်နေ့ထိ သင်္ဘော ၁၀ စီးဖြင့် ငါးမျိုးစုံ ၁၀,၈၁၂ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

   ထို့ပြင် ရန်ကုန်မုတ္တမဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ကွမ်းသီး၊ ဆီးထုပ်၊ ငါးနီတူခြောက်၊ မုန့်ဖတ်ခြောက်၊ ကော်ဖီမစ်၊ မာမီးခေါက်ဆွဲ၊ ရွှေပြည်နန်းသနပ်ခါး၊ ဖိနပ်၊ ကျောက်ချဉ်၊ ဆေးကုလားမ စုစုပေါင်းတန်ချိန် ၆၂၃ ကျော် တင်ပို့နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages