စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ ပို့ကုန်တိုးမြှင့်ရေးတိုက်တွန်း မှာကြား

Mon, 06/03/2024 - 09:42 -- mocadmin

နေပြည်တော်၊ ဇွန် ၃         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဇွန်လ ၃ ရက်နေ့ နံနက် ၀၉း၀၀ အချိန်တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပို့ကုန်တိုးမြှင့်ရေးအတွက် တိုက်တွန်းမှာကြားသည်။

          ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်တွင် တင်ပို့ရမည့် ပို့ကုန်တန်ဖိုးအား လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အလားတူ ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ပို့ကုန်များ လအလိုက်တင်ပို့ရန် လျာထားသတ်မှတ်ပြီးဖြစ်ပါကြောင်း၊ သတ်မှတ် လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာတင်ပို့နိုင်ရေး အင်တိုက်အားတိုက်ဖြင့် မဖြစ်မနေဆောင် ရွက်ရန် အထူးလိုအပ်ကြောင်း၊  ဆန်စပါးကဏ္ဍ ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်းလုပ်ငန်းမှသည် ဖြန့်ဖြူးရောင်းချ၍ တင်ပို့သည်အထိ ထုတ် လုပ်မှု တန်ဖိုးကွင်းဆက် (Supply Chain) တစ်လျှောက် ဟန်ချက်ညီညီ အားထည့် ဆောင်ရွက်ရန်၊ ပြည်ပ ဈေးကွက်ပိုမိုရရှိအောင် ဆောင်ရွက်ရန်၊ ပဲမျိုးစုံနှင့် ပြောင်းကို လည်း တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်းကောက်ပဲသီးနှံ ဈေးကွက်တည်ငြိမ်စေရန်၊ မျှတသည့် ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန် သွယ်မှုဖြစ်ပေါ်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့ စေရန်၊ CMP အထည်ချုပ်လုပ်ငန်း များ၊ ငါး၊ ပုဇွန်၊ အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကို ပြင်းပြစွာမဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရန်တို့အား တိုက်တွန်းမှာကြားခဲ့သည်။

          ထို့အပြင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန် ဆန်သင်္ဘောများ ဦးစားပေး ဆိပ်ကမ်းကပ်ခွင့်ရရှိရေး၊ ကုန်သေတ္တာရရှိရေး၊ ကုန်တင်ယာဉ်ရရှိရေးနှင့် ကုန်တင်ဆိပ်ကမ်းများ၏ လိုအပ်ချက်များအား ပူးပေါင်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိပုဂ္ဂိုလ်များအား မှာကြားခဲ့သည်။

              အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးများ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages