CMP သွင်းကုန် ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်

Mon, 01/30/2023 - 04:08 -- mocadmin

   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သော CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

  အစည်းအဝေးတွင် ဆပ်ကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ CMP ပို့ကုန်သွင်းကုန်များ မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖြည့်စွက်ဖွဲ့စည်း၍ ထိရောက်စွာဆောင်ရွက် နိုင်ရေးကိစ္စများအပေါ် ဝိုင်းဝန်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးမှ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

  အဆိုပါအစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်အရာထမ်းများ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးချုပ်၊ CMP နှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ CMP ပို့ကုန်သွင်းကုန်ဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages