မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ (၂)ရက်နေ့အတွင်း ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၇.၂၀)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင် ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့်ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၄-၆-၂၀၂၃ မှ ၃၀-၆-၂၀၃) ရက်နေ့ထိပို့ကုန်အပိုင်းတွင် ယခင်အပတ်ထက်ပုဇွန်ဖွဲ (၁၆၉)တန်၊ တန်ဖိုး (၀.၀၈၁) ဒေါ်လာသန်းနှင့် ကတ္ထူစက္ကူအဟောင်း(၁၄)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း တင်ပို့မှုပိုမိုခဲ့သော်လည်း ပြောင်း(၁၈၇၅)တန်၊ တန်ဖိုး(၀.၅၇၀)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၆၆)တန်၊ တန်ဖိုး(၀.၀၉၁)ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇)တန်၊ တန်ဖိုး (၀.၀၄၂)ဒေါ်လာသန်း၊ ခဲနှင့်သွပ် (၂၇၆)တန်၊ တန်ဖိုး(၀.၀၉၅)ဒေါ်လာသန်း လျော့နည်းတင်ပို့ခဲ့သောကြောင့် ပို့ကုန်တန်ဖိုး လျော့နည်းရခြင်းဖြစ်ပါသည်။ယခုအပတ် ပို့ကုန်ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၁၁)ဒေါ်လာ၊ ကြက်သွန်ဖြူ တစ်တန်လျှင် (၁၄၃၀)ဒေါ်လာ၊ လက်ဖက်ခြေ
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၇-၆-၂၀၂၃)ရက်နေ့မှ(၃၀-၆-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ ကွမ်းသီး၊ နနွင်း၊ ဇီယာစေ့၊ သစ်ကြပိုးခေါက်၊ ကြာဝတ်ဆံ(အခြောက်)၊ ရှားစောင်းပင်၊ နွယ်ချို၊ မန်ကျည်းသီး(အစေ့ပါ)၊ ရေထွက်ကုန်များဖြစ်သည့် ကဏန်းအရှင်၊ သဲကဏန်း၊ ဝသုံးလုံးကဏန်း၊ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးသလောက်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ငါးမြစ်ချင်းစီဖေါင်းခြောက်၊ ငါးဓားလွယ်နှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝ
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၇.၃၀၀) ဒေါ်လာသန်းဖြစ်သည်။
ဇွန်လ (၃၀)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၅၉၆) ဒေါ်လာသန်း၊ သွင်းကုန် (၂.၁၅၄) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၇.၇၅၀) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၅%) ဆောင်ရွက်ပြီးဖြစ်သည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အထိ တစ်ပတ်အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ရာဘာ(၁၇၀၈.၇၅၀)တန်၊ တန်ဖိုး (၂.၀၇၀)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၀၀၂.၀၀၀)တန်၊ တန်ဖိုး(၁.၉၅၇)ဒေါ်လာသန်း၊ မြေထောက်ပဲ (၅၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၇၃၆) ဒေါ်လာသန်း၊ ပဲယင်း(၆၇၉.၅၀၀)တန်၊ တန်ဖိုး (၀.၅၈၁) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၄၇၃.၀၀၀)တန်၊ တန်ဖိုး (၀.၅၅၂)ဒေါ်လာသန်း၊ ရာဘာကြမ်း(၇၀၀.၅၀၀)တန်၊ (၀.၅၂၀) ဒေါ်လာသန်း၊ စွန်တာနီပဲ (၄၄၂.၂၅၀)တန်၊ (၀.၂၆၇)ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၂၁.၂၅၀) တန်၊ တန်ဖိုး (၀.၂၃၈) ဒေါ်လာသန်း၊ နိုင်လွန်ပဲ (၁၁၉.၅၀၀)တန်၊ တန်ဖိုး(၀.၀၇၆)ဒေါ်လာသန်း၊ ပဲနီကြား
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ မှ ဇူလိုင်လ ၂ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၈.၅၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ပြောင်း (၄၄.၀၀)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းနှင့် တစ်သျှူးငှက်ပျော (၉၆.၀၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂-၇-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၉၉) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၁၇၂)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၁၇၁) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့မှ(၂၇)ရက်နေ့ထိ ကုန်သွယ်မှု အခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၂၁ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆောင်ရွက် နိုင်ခြင်း မရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။
ဇွန်လ (၂၈)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၂) ကျပ်၊ ၁ဒေါ်လာ (၉၁.၃၀) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃)ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၅၀) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၁) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၅၁)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။