DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၁-၇-၂၀၂၃)ရက်နေ့မှ(၁၄-၇-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ပုစွန်၊ ငါးခွေးလျှာ၊ ငါးကြင်းတို့အပြင်ဂေါ်ဖီထုပ်၊ ငရုတ်၊မကျည်းသီး(အစေ့ပါ)၊ ချင်းခြောက်နှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်သည်။

ဇူလိုင်လ (၁၄) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန် (၁.၀၄၉) ဒေါ်လာသန်း၊ သွင်းကုန် (၁.၂၂၄)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂.၂၇၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၇၆%) ဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ မှ (၁၄) ရက်နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၀၃၆)ဒေါ်လာသန်းနှင့် သွင်းကုန်(၁၉.၅၅၁)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၇.၅၈၇)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၅၇၀) စီး၊ သွင်းကုန် (၁၆၃၈)စီး ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇူလိုင်လ ၁၂ နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၁၃၃.၅၀)တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်း၊ ပြောင်း (၆၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ တစ်သျူးငှက်ပျော (၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၅) ဒေါလာသန်း၊ ကြိမ်(၄၅.၅၅)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

DotBorderdep

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၆-၇-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၀၃)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၈၄၁)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၉၄၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ(၁၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၅၈၅)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်း သိရှိရသည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ(၁၁)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၉၅၁)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၀၉၅၅)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ (၁-၇-၂၀၂၃မှ ၁၁-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၆၂) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၃၄၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၃.၅၉%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အတွင်း ငါးမှုန့်တစ်တန်လျှင်(၉၀၆)ဒေါ်လာနှုန်းဖြင့် (၄၀၅.၀၀၀)တန်၊ တန်ဖိုး(၀.၃၆၇)ဒေါ်လာသန်း၊ ငါးကြိတ်သားတစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၇.၂၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ငါးမျိုးစုံတစ်တန်လျှင် (၁၃၁၇)ဒေါ်လာနှုန်းဖြင့် (၈၂.၃၆၅)တန်၊ တန်ဖိုး(၀.၁၀၈)ဒေါ်လာသန်း၊ ဂဏန်းတစ်တန်လျှင် (၃၈၈၉)ဒေါ်လာနှုန်းဖြင့်(၁.၇၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ကင်းမွန်တစ်တန်လျှင်(၃၅၀၀) ဒေါ်လာနှုန်းဖြင့်(၅.၇၈၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပုဇွန်တစ်တန်လျှင်(၅၄၉၉)ဒေါ်လာနှုန်းဖြင့်(၁.၆၂၅)တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ငါးမှုန့်နှင့်

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ခရုနှင့် ငါးမှုန့်၊ ဆီအုန်းဖြစ်သည်။