မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှ ဇူလိုင်လ (၉) ရက်နေ့အတွင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆၀) တန် ၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့်အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ ဆီအုန်းဖြစ်သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်(၁-၇-၂၀၂၃ မှ ၇-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၂၀၅၄) တန်၊ တန်ဖိုး (၀.၆၄၀)ဒေါ်လာသန်း၊ ကြက်သွန်ဖြူတန်ချိန် (၆၈) တန်၊ တန်ဖိုး(၀.၁၀၆)ဒေါ်လာသန်း၊ လက်ဖက်ခြောက်တန်ချိန် (၄၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်းတန်ချိန်(၁၇၄)တန်၊ တန်ဖိုး(၀.၀၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၄-၇-၂၀၂၃)ရက်နေ့မှ (၇-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ နနွင်းတက်၊ဂျင်းခြောက်၊ ကြာဝတ်ဆံခြောက်၊ ရေထွက်ကုန်များဖြစ်သည့်ငါးမြစ်ချင်းစီဖောင်းခြောက်၊ ငါးခွေးလျှာနှင့်CMPပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၀၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၃.၀၀၀)ဒေါ်လာသန်း ဖြစ်သည်။
ဇူလိုင်လ(၇)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၀.၆၇၀)ဒေါ်လာသန်း၊ သွင်းကုန်(၀.၆၄၈) ဒေါ်လာသန်းဖြင့် စုစုပေါင်း(၁.၃၁၈)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၄%) ဆောင်ရွက်ပြီး ဖြစ်သည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၄၆၀.၂၅)တန်၊ တန်ဖိုး (၀.၂၂၆)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၀၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၀)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၄၈.၀၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၉-၇-၂၀၂၃)ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၂၉)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၆၆၇)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၃.၇၉၆)သန်း ဆောင်ရွက်နိုင်ခဲ့သည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၂၂၆)ဒေါ်လာသန်းနှင့် သွင်းကုန်(၁၆.၃၉၆)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၄.၆၂၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေအနေဖြင့် ပို့ကုန် (၆၄၁)စီး၊ သွင်းကုန်(၁၂၇၂)စီး ဆောင်ရွက်နိုင်ခဲ့သည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်သည်။
ဇူလိုင်လ(၅)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၀.၆၃၁)ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၇၈)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁.၁၀၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရဖေဖော်ဝါရီလမှစတင်ကာဩဂုတ်လအထိပင်ရင်းနိုင်ငံအခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားသဖြင့် ယင်းကာလအတွင်းတာချီလိတ်မှပြောင်းလုပ်ငန်းရှင်များသည် ခိုလန်၊ နမ့်ဆန်၊ လင်းခေး၊ မိုင်းနောင်၊ မိုင်းရှူးမြို့များမှပြောင်းများအားပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR Code) လျှောက်ထားရယူခြင်း ၊ ED ဖွင့်လှစ်ဆောင်ရွက်ခြင်းများဖြင့် တစ်ဖက်ထိုင်းနိုင်ငံသို့ မယ်ဆိုင်မြို့မှတဆင့် တင်ပို့လျက်ရှိသည်။