bordertrade

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက် မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

စက်တင်ဘာလ (၂၆) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁.၁၀၄) ဒေါ်လာသန်း၊ သွင်းကုန်(၁.၀၃၃)ဒေါ်လာသန်း၊စုစုပေါင်း (၂.၁၃၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၅၀.၈၈၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

bordertrade

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်နေ့မှ (၂၆)ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၇.၅၈၆) ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၀၇၃) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၉.၆၅၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

bordertrade

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၅-၉-၂၀၂၃) မှ (၂၆-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ပြောင်း(၅၀.၀၀)တန်၊တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ရာဘာ (၉၉.၀၀) တန်၊ တန်ဖိုး (၀.၁၂၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

bordertrade

၁။      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့်လျှောက်ထားနိုင်သည့်အပြင်ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန် လိုင်စင်လျှောက်ထား/ထုတ်ပေးမှုမရှိဘဲသွင်းကုန်လိုင်စင်(၁၄၂)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါ သည်။

mocadmin

   ကော့သောင်းကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ဆီအုန်း (၁၆၀) တန်၊ ကဏန်း (၃.၄၈၀) တန်၊ ပုစွန်  (၄.၂၆၀) တန်၊ ငါးရွှေ (၄.၈၀၀)တန်၊ငါးဝိုင်း (၁၆.၈၀)တန်၊ ငါးခွေးလျှာ (၁၁.၇၆၀) တန်၊ ငါးနီငယ် (၁၇၉.၃၇၀) တန်၊ ကဗျက်ငါး (၆၄.၁၁၀)တန်၊ပလာတူး(၃၉.၇၈၀) တန်နှင့် ကုလားငူငါး (၁.၆၈၀) တန်တို့ဖြစ်သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ ဒီဇယ်(၁၀၀) တန်၊ ပီလောပီနံ မှုန့် (၂၇၀.၀၀) တန်၊ ကျောက်ချဉ် (၃၀.၀၀) တန်၊ ဆီလီကွန် (၁၁.၀၀) တန်၊ ရေကူးကန်သန့်ဆေး ရည် (၂၂.၀၀) တန်ဖြစ်ကြောင်း သိရှိရသည်။

mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၆-၉-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၇၀) တန်၊ ရာဘာ (၂၀) တန်၊ ကတ်ထူစက္ကူဖြတ်စ (၃၂) တန်နှင့် ပလပ်စတစ်ဖြတ်စ (၄) တန် တင်ပို့ နိုင်ခဲ့သည်။

mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန် လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၃၁၆၇) တန်၊ လောင်စာတောင့် ဈေးနှုန်း တစ်တန်လျှင်(၁၆၈၀) ယွမ်/ (၂၃၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၅၀.၀၀၀) တန်နှင့် Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်း တစ်တန်လျှင် (၁၀၂) ဒေါ်လာတို့ဖြင့် တန်ချိန် (၄၄၀) တန် တင်ပို့နိုင်ခဲ့သည်။

mocadmin

   စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ (၀.၂၀၄၈) သန်းဖြစ်ရာ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၀၄၈) သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရသည်။

bordertrade

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့

                ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလလျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀)ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃ မှ ၂၄-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၂၅၈)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၄)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၂၆၂)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၈၁.၉၅%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်။

bordertrade

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။