တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၆-၉-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၇၀) တန်၊ ရာဘာ (၂၀) တန်၊ ကတ်ထူစက္ကူဖြတ်စ (၃၂) တန်နှင့် ပလပ်စတစ်ဖြတ်စ (၄) တန် တင်ပို့ နိုင်ခဲ့သည်။

   တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဘိလပ်မြေ ၆၅၀ တန်၊ ထယ်ပြားအစုံ (Disc Plough Set) ၅၀ တန်၊ မီးခံအုတ် ၂၀.၀၀ တန်၊ ကွန်ကရစ်အမိုးပြား ၉.၄၆၀ တန်၊ ပလပ်စတစ်ဘူးခွံ (၁.၅) တန်နှင့် အခြားပစ္စည်းများ တင်သွင်းခဲ့သည်။

   ဘတ်ငွေလဲနှုန်း အနေဖြင့် ၂၆-၉-၂၀၂၃ ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၁၀၈၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။

 (DOT တာချီလိတ်)