bordertrade

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၀-၂၀၂၃ မှ ၃-၁၀-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၀၃၀)ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၀၃၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၂%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၂ ) ရက်နေ့မှ( ၃ )ရက် နေ့အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၇၉၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၃၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၈၃)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ပါသည်။

bordertrade

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂-၁၀-၂၀၂၃) မှ (၃-၁၀-၂၀၂၃) ရက်နေ့အတွင်း တဖက်နိုင်ငံတွင် လမုန့်စားပွဲရှိသဖြင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။

bordertrade

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၃.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၃၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

အောက်တိုဘာလ (၃) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၁၀၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၂၄၃)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၃၄၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၈.၁၁၆%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

bordertrade

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၂၃) ရက်နေ့မှ အောက်တိုဘာ (၃)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၆.၀၁၄) ဒေါ်လာသန်း၊ သွင်းကုန် (၂၃.၄၀၂) ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ(၂၉.၄၁၆)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

mocadmin

   မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့် ငါးမှုန့်တစ်တန်လျှင် (၉၂၀) ဒေါ်လာနှုန်းဖြင့် (၇၀၅) တန်၊ ငါးကြိတ်သား တစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် တင်ပို့နိုင်ခဲ့သည်။

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၄) တန်၊ တင်သွင်းခဲ့သည်။

   မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ် တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

mocadmin

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ (၀.၆၁၉) သန်းနှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၀.၉၃၆) သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏကန်ဒေါ်လာ (၁.၅၅၅)  သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ၁-၁၀-၂၀၂၃ ရက်နေ့မှ ၃-၁၀-၂၀၂၃  ရက်နေ့အထိ ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (၂.၁၈၅)သန်း နှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃.၆၀၆) သန်း၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅.၇၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဧပြီလမှစက်တင်ဘာလထိ)ပို့ကုန် ကန်ဒေါ်လာ (၃၁.၁၇၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅၁.၈၇၅) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၈၃.၀၅၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   ၃-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့်  အလူမီနီယမ်ဖြတ်စ(၆) တန်နှင့် ကတ်ထူ စက္ကူဖြတ်စ (၃၆) တန် တင်ပို့နိုင်ခဲ့သည်။

mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်သွယ်မှုလျာထား ချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

   ၃-၁၀-၂၀၂၃ ရက်နေ့အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော (၂၉၂) တန်နှင့် လောင်စာတောင့် (၂၅.၀၀၀) တန်တို့ တင်ပို့နိုင်ခဲ့သည်။

bordertrade

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။