admin_ygn

တာချီလိတ် Mobile Team  ကဖမ်းဆီးရမိခဲ့တဲ့ပစ္စည်းများအနက် မီးဘေးအန္တရာယ်ရှိတဲ့  Gas Lighter ၁၉၁ ဖာကို ဒီဇင် ဘာလ ၃၁ ရက်နေ့က လေလံတင်ထုခွဲရောင်းချခဲ့ရာ ကျပ် သိန်း တစ်ရာ့နှစ်ဆယ်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ လေလံထုခွဲရာမှာ ငါးဦးက လေလံဆွဲခဲ့ကြပြီး လေလံအောင်သူ၏ရောင်းချရငွေများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ သတ် မှတ်ငွေစာရင်းသို့ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၃၁ ရက် ၁၃း၀၀ချိန်မှာ ပြည်သူလူထုစားသုံးရန်မသင့်တဲ့ FDAထောက်ခံချက်မပါရှိတဲ့ခေါက်ဆွဲခြောက်၊ ေ၀ ဖာ၊ ငါးသေတ္တာ၊ ပဲနို့ရည်၊ ခနောကြက်သားမှုန့်၊ Zhulian အမှတ်တံဆိပ်ပါကော်ဖီမစ် ခန့်မှန်းတန်ဖိုးကျပ် ၆ ဒသမ ၈၂၂ သိန်းအား အဖွဲ့စုံနဲ့ မ

admin_ygn

   နယ်စပ်ကုန်သွယ်ရေးစခန်း (ကျိုင်းတုံ)၏ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး Mobile Team အဖွဲ့သည် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးအတွက် မိုင်းလား-ကျိုင်းတုံကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ရှောင်ကွင်းလမ်းများအား ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေး မှူး ဦးစိုးဝင်းမောင်ဦးဆောင်လျက် နေ့စဉ် ကြည့်ရှုစစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် ညနေ ၁၇ း ၄၀ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ဖကန်ကျေးရွာ အနီးရှိ ရှောင်ကွင်းလမ်း၏ လမ်းဘေးတွင်  စုပုံ၍ ပလတ်စတစ်ဖြင့် ဖုံးအုပ်ထားရှိသော တရုတ်နိုင်ငံထုတ်ဘီယာ Jin Shun Hong Yan Beer

admin_ygn

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ကန် ဒေါ်လာ ၅ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၄၂၆ တန်ခွဲနဲ့ ကန် ကန်ဒေါ်လာ ၂ ဒသမ ၄၅၆ သန်း တန်ဖိုးရှိ သခွှားမွှေး ၁၂၀၃၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ် စခန်းကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းဖိုးရှိ ဖရဲသီးတန် ၂၇၀ ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဖရဲ၊ သခွားအပြင် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်ကို ကန်ဒေါ်လာ ၁၄၅၅ တန်ဖိုးရှိ အုန်းသီး ၉ တန်ခွဲနှင့် ကန်ဒေါ် လာ ၄၀၈ တန်ဖိုးရှိ ဆီးသီး  ၃ တန် ကိုလည်းတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ဒီဇင်ဘာလ ၁၉ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၁၀ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်တွင်းမှာလည်း တန်ချိန် ၃ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်းဖိုးတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ် ထက် ၁ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ဆန် ၃၃၈၄၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ် က ၃၁၃၀၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုသီတင်းပတ်မှာ တန်ချိန် ၂၅၄၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၁၈၀၀၀ တန်နဲ့ ဧည့်မထဆန် ၁၂၈၁၆ တန်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် တန် ၂၅၀၀နဲ့ ချင်းရွှေဟော် စခန်းမှ တန် ၅၃၀ ဖြစ်ပါတယ်။

admin_ygn

   ရန်ကုန်တိုင်းဒေသကြီး ပြည် တွင်းပြည်ပဆိပ်ကမ်း ၁၂ ခုတွင် တစ်ခု အပါအဝင်ဖြစ်တဲ့ ပြည်တွင်းကမ်းရိုးတန်းသွား ဝါးတန်းဆိပ်ကမ်းတောက လူးအနီး ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေတဲ့ ရေကြောင်း OSS အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက မြိတ်မှ ရန်ကုန် သို့ထွက်ခွာလာတဲ့ ရန်မျိုးအောင် ရေယာဉ်ပေါ်တွင် စားသောက်ကုန်များနဲ့ အတူ အထောက်အထားမဲ့ ကြိမ်များတင်ဆောင်လာကြောင်း သက်ဆိုင်ရာ သစ်တောဦးစီးဌာနဲ့ Mobile Team  အဖွဲ့ထံသို့ ဆက်သွယ်သတင်းပေးပို့မှု အရ ဒီဇင်ဘာလ ၂ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့ နယ်၊ ဝါးတန်းအမှတ် (၄) ဆိပ်ကမ်းတွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်အဆင့် သစ်တောမှတာဝန်ရှိ

admin_ygn

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့တာဝန်ပေးအပ်ချက်အရ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် Mobile Team များ ဖွဲ့စည်းလုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မူဆယ်(၁၀၅)မိုင်ထုတ်နုတ်အင်အား၊ နောင်ချိုနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ညောင်ခါးရှည်တို့မှ Mobile Team အဖွဲ့များက သစ်တောထွက်ကုန်၊ အေးခဲအသား၊ ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ စားသောက်ကုန်၊ Handset၊  ဘီယာ၊ သတ္တုမှုန့်ဟုယူဆရသော အမှုန့်၊ အခြား ပစ္စည်းများနဲ့သယ်ဆောင်လာသော ယာဉ်များ ၁၁ စီးအပါအဝင် ခန့်မှန်းတန်ဖိုးစုစုပေါင်းကျပ်သိန်း ၆၂၇၀ ဒသမ ၅၄၄ ဖိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတ

admin_ygn

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ  ၆ ရက်က မူဆယ် (၁၀၅) မိုင်ထုတ်နုတ်အင်အား  Mobile Team အဖွဲ့သည် သတင်းအရ  နမ့်တောင်း-ခိုခေးရှောင်ကွင်းလမ်းကြောင်း အတိုင်း မောင်းနှင်လာသော Dong Fang အမျိုးအစား ၄ လုံးထိုးယာဉ် နှစ်စီးအား မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးအနီး တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။  ထိုယာဉ် များပေါ်မှာ FDA ထောက်ခံချက်မပါဘဲ တရားမဝင်တင်သွင်းလာတဲ့ စားသောက်ကုန်နဲ့ အခြားလူသုံးကုန်ပစ္စည်းများအောက်မှာ သိုဝှက်သယ်ဆောင်လာပြီး ဓာတုဗေဒဆေး ရည်များ ထည့်ထားတဲ့  ပလတ်စတစ်ပုံးပေါင်း ၂၄၀ ၊ စုစုပေါင်း အလေးချိန်  ၅၇၆၀ ကီလိုဂရမ် အားတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။   သ

admin_ygn

   ဒေါ်လာဈေးမြင့်တက်မှုကြောင့် AV တန်ဖိုးအား လက်ရှိငွေလဲနှုန်း ပေါက်ဈေးဖြင့် ပြောင်းလဲတွက်ချက်ပြီး Duty ပေးဆောင်ကြရသဖြင့် ပေးဆောင်ရတဲ့ တန်ဖိုးမြင့်မား လာခြင်းကြောင့် ဒေါ်လာဈေးတည်ငြိမ်သည်အထိစောင့်ကြည့်နေရခြင်း၊ ဒေါ်လာဈေးမြင့်တက်လာသဖြင့် သွင်းကုန်ပစ္စည်းများဝယ်ယူရာမှာ အရှုံးပေါ်မှုများဖြစ်ပေါ်ခြင်း၊ တစ် ဖက်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းနဲ့ မြေပေါ်မြေအောက်အဖွဲ့အစည်းများက အင်ဖာ-မိုရေးဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးအား မကြာခဏပိတ်ဆို့ဆန္ဒပြမှု များကြောင့် ကုန်စည်စီးဆင်းမှုအဟန့်အတားဖြစ်ပေါ်နေသဖြင့် တမူးနယ်စပ်မှာ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုလျော့ကျလျက်ရှိနေပါတယ်။

admin_ygn

    မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကာလတွင်း ကန်ဒေါ်လာ ၃၅၁၇၁ တန်ဖိုးရှိ ဖရဲသီး ၂၇၀ တန် တင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်ကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈၁၆ သန်း တန်ဖိုးရှိ ဖရဲသီး ၁၄၃၀၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်း တန်ဖိုးရှိ သခွားမွှေး ၄၃၄၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က လွယ်ဂျယ်မှ ဖရဲအပို့မရှိဘဲ မူဆယ်မှ တန်ချိန် ၁၈၀၀၀ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ လှည်းကူးမြို့နယ် မှာ စိုက်ပျိုးတဲ့ ဖရဲကို တချို့ကအသီးကိုကြည့်ပြီး အခင်းလိုက်အဝယ်ရှိပြီး  သခွားမွှေးကတော့ ကျောက်ဆည်၊ စဉ့်ကိုင်၊ ဘုတလင်နဲ့ ရွှေဘိုဘက်ကအထွက်များတယ