admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိမြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒီဇင်ဘာလ အတွင်း ပို့ကုန်ကန်ဒေါ်လာ ၉ ဒသမ ၇၁၆ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၈၈၀ သန်းဆောင် ရွက်နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၁၃ ဒသမ ၅၉၆ သန်းရရှိခဲ့ပါတယ်။ မြိတ်စခန်းအနေနဲ့ အနီးစပ်ဆုံးကာလထက် ပို့ကုန်ကန်ဒေါ်လာ  သုည ဒသမ ၆၄၀ သန်း ပိုမိုပြီးယမန်နှစ်ကာလတူထက်လည်း ကန်aဒါ်လာ သုည ဒသမ ၁၀၀ သန်းပိုမိုခဲ့ပါတယ်။  အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်ပိုမိုရခြင်းမှာ ဒီဇင် ဘာလအတွင်း လယ်ယာထွက်ကုန်ဖြစ်သော ရော်ဘာ၊ သစ်တောထွက်ဖြစ်သော နီးဘန်း၊ ကဒွတ်၊ ကညင်၊ ရေထွက်ကုန်ဖြစ်သော ရေငန်ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ကဏန်းပျော့၊ ကဏန်း

admin_ygn

   ၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၇ ရက်မှ ဇန်နဝါရီ  ၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ  ကန်ဒေါ်လာ ၁၂ ဒသမ ၉၈၉ သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၃၅၀၆၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းများအလိုက်တင်ပို့ခဲ့တဲ့ ဆန်အမျိုးအစားနဲ့ပမာဏကိုကြည့်ပါက  မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ငစိန်ဆန်  ၁၉၆၀၅ တန်၊ ဧည့်မထ  ၁၂၃၈၇ တန်ကျော်၊ လွယ်ဂျယ်စခန်းက ဧည့်မထိ ၂၈၂၃ တန်ကျော်၊ ချင်းရွှေဟော်စခန်းက ဧည့်မထ တန် ၂၅၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်း ပတ်ထက်  ၁၂၂၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာ၂၀ ရက်မှ ၂၆ ရက် သီတင်းတစ်ပတ်အတွင်း ကန်ဒေါ်လာ ၆၈၈၀၀ တန်ဖိုးရှိ ပိုးချည်မျှင် ၁၇ တန်ခွဲ ကို တင်ပို့ခဲ့တယ်လို့  သိရပါတယ်။ ပိုးချည်မျှင်နဲ့အတူ ပုံမှန်တင်ပို့နေကျ ငွေချည် ၆ ချည်မျှင်ရှည်ဝါ  ၈၀၆ တန်ကိုလည်း ကန်ဒေါ်လာ   ၁ဒသမ ၇၇၃သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝါဂွမ်း ၇၇၄ တန်သာ  တင်ပို့ခဲ့လို့  ယခုသီတင်းပတ်မှာ ၆၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ငွေချည် ၆ ဝါမှာ ဝါအထွက်နှုန်းကောင်းခြင်း၊ မြေသြဇာ တုံ့ပြန်မှုရှိခြင်း တို့ကြောင့် တောင်သူတွေအတွက် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း မ

admin_ygn

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်စခန်း များမှ ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အတွင်း  ကန်ဒေါ်လာ ၉ ဒသမ ၇၅၁ သန်း တန်ဖိုးရှိ ပြောင်း ဖူးစေ့ ၃၄၈၀၆ တန်ကိုတင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၃၀၀၁၅ တန်၊ ချင်းရွှေဟော်မှ ၄၂၉၆ တန်နဲ့ လွယ်ဂျယ်မှ ၄၉၅ တန်ဖြစ် ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စခန်းစုံကနေ ပြောင်းဖူးစေ့ ၃၈၂၃၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုရက်သတ္တပတ်မှာ ၃၄၂၅ တန်ခန့် တင်ပို့မှုတွေလျော့နည်းသွားခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းက ဒီတစ်ပတ်မှာပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်ရ

admin_ygn

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့မှ  ၂၆ ရက်နေ့ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၆၀၆ သန်းဖိုးရှိ ရေထွက်ကုန်  ၆၂၉ တန်တင်ပို့နိုင်ခဲ့ပါ တယ်။ အနီးစပ်ဆုံး နိုဝင်ဘာလတစ်လုံး အတွင်းမှာတော့  ကန်ဒေါ်လာ သုည  ဒသမ ၅၄၄ သန်းဖိုးရှိရေထွက်ကုန်  ၃၇၃ တန်ခန့်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ဒီဇင်ဘာလ တတိယပတ်အထိမှာ ၂၅၆ တန်ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။  ယခုလို ပိုမို ရခြင်းမှာ စစ်တွေစခန်းမှ ရေချိုငါးနဲ့ မောင်တောစခန်းမှ ငါးခြောက်မျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ

admin_ygn

    ဒီဇင်ဘာလ ၂၄ ရက်နေ့က ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပို့ကုန်ပစ္စည်းများကို Creditပြရန်မလိုဘဲတင်ပို့နိုင် လျှင် ကုန်သည်များအနေနဲ့ Turnover မြန်မြန်ဆန်ဆန်နဲ့ ပိုမိုတင်ပို့/တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ကုန်သည်များအနေနဲ့  Credit အတွက် ရင်းနှီးမှုများ ပြုလုပ်နေရသေး၍   ပို့ကုန် Bank Certificate ဖြေလျော့ပေးရေးကိစ္စ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သည်ကြီးများ အသင်းက ကုန်သည်များကိုယ်စားတင်ပြဆွေးနွေးခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှဒီဇင်ဘာလ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်းမှာ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈၈ သန်းဖိုးတင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။

   ယခုသီတင်းပတ်မှာ ရေထွက်ကုန်ပစ္စည်း ၈၇ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၈၆ သန်းအများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ရေထွက်ကုန် ပစ္စည်းတွေကတော့ ငါးမြစ်ချင်း တန် ၆၀၊ ငါးခေါင်းပွ ၂၄တန်၊ ငါးသေတ္တာခြောက် ၂ တန်နဲ့ ငါးနီတူခြောက် ၁ တန်တင်ပို့ခဲ့ တာဖြစ်ပါတယ်။

admin_ygn

    ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၈း၂၀ နာရီတွင် မော်လမြိုင်-ရန်ကုန်အမှတ် (၉၀) အစုန်အမြန်ရထားပေါ်မှာ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေးနဲ့ အကောက်ခွန်မဲ့လုပ်ငန်းသုံးနဲ့ အိမ်သုံးပစ္စည်းများတင်ဆောင်လာကြောင်းသတင်းရရှိသဖြင့် ရန်ကုန်ဘူတာကြီးသို့ ရထားဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှရှာဖွေရာ တရားမဝင်ကန့်သတ်ကုန်များ ကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ လ ၂၉ ရက်နေ့ထုတ် Commerce Journal အတွဲ ၁၄၊ အမှတ် ၅၀ တွင် ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။

admin_ygn

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအစည်းအဝေးခန်းမတွင်  ဒီဇင်ဘာလ ၃၀ ရက်ကကျင်းပခဲ့ပါတယ်။ အစည်းအဝေးကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ OSS ဌာနတာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်နှင့် ပိုးမွှားကာကွယ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကလေး-တမူး-ကလေးဝနယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းဥက္ကဋ္ဌနဲ့အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊  ITC လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်လိုင်းဂိတ်တာဝန်ခံများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။

admin_ygn

  မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံ များသို့ အများဆုံးတင်ပို့တဲ့ သစ်သီးဝလံများမှာ ဖရဲ၊ သခွား၊ သရက်နဲ့ အခြား သစ်သီးဝလံများဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် ဒီဇင်ဘာလ ၂၀ ရက် မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၃၉၀၃၁ တန်ဖိုးရှိ ဆီးသီး ၂၈၆ တန်ခွဲ၊ ကန် ဒေါ်လာ ၃ ဒသမ ၉၈၁ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၃၅၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၉၈၃ သန်းတန်ဖိုးရှိ သခွားမွှေး ၄၈၂၀ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ ဖရဲသီး ၄၆ တန်ကိုလည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ ဆီးသီးတင်ပို့မှုမရှိခဲ့ဘဲ ဖရဲသီးနဲ့ သခွားမွ