admin_ygn

  မြန်မာ-ထိုင်းနယ်စပ်ရှိ  မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလအတွင်း ပို့ကုန်ပိုင်းတွင် ငါးမှုန့်ကိုဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ငါးမှုန့်တင်ပို့နိုင် မှုမှာ  ၂၀၃၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ  ၂၀၀ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလဖြစ်သော အောက်တိုဘာလနဲ့ နှိုင်းယှဉ်ပါက  ၆၇၄ တန်ကျော် ပိုမိုတင်ပို့နိုင်ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါကလည်း ၁၂၄၅ တန် ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလထိမှာတော့ တန် ချိန် ၁၂၉၀၆ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ၇ ဒသမ ၂၇၅  သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ  မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  နိုဝင်ဘာလအတွင်း ကန်ဒေါ်လာသုည ဒသမ ၉၀၄ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၆၆ တန်ကျော်၊ ကဏန်းနီ ၁၅၃ တန်ကျော်၊ သဲကဏန်း ၄ တန်ကျော်၊ ကဏန်းသေးအသေ  ၅ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ  ၅ ဒသမ ၅၇၃ သန်းတန်ဖိုးရှိ  ငါးမျိုးစုံ  ၅၅၁၇ တန်နီးပါး၊ ငါးမှုန့် ၂၀၃၅ တန်ကျော်၊ ရေငန်ပုစွန်  ၉၃ တန်ကျော်၊ ပုစွန်  ၁၂၈ တန်ကျော်၊  ကင်းမွန် ၇၂ တန်ကျော်၊ ငါးအသားလွှာ  ၉၇ တန်ကျော်၊ ကင်းမွန်ခေါင်း  ၄၃ တန်ကျော်၊ ငါးခြောက် ၁၈ တန်ကျော်၊  ပုစွန်ခြောက် ၄တန်ကျော်၊ ရေခူခြောက် ၈တန်ကျော်၊ ကင်းမွန်ခြောက် ၁

admin_ygn

   ဒီဇင်ဘာ ၆ ရက်မှ  ၁၂ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ ဆန်တင်ပို့မှုမှာ  ၃၁၇၀၉ တန်ကျော်ရှိပြီး တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ ၁၁ ဒသမ  ၆၇၃ သန်းဖိုး ရရှိပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ်  (၁၀၅) မိုင်မှ  ငစိန်ဆန် ၁၆၅၂၉ တန်ကျော်နဲ့ ဧည့်မထ ဆန်  ၉၁၉၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ဧည့်မထဆန် တန် ၁၀၀၀ နဲ့ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် ၄၉၈၉ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါ က ယခု သီတင်းပတ်မှာ ၅၄၉၇  တန်ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  နိုဝင်ဘာလအတွင်း ကျပ်သန်းပေါင်း ၁ ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ဝါး ၁၂၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။

admin_ygn

   တမူးနယ်စပ်ကုန်သွယ်ရေး စခန်း သည် နိုဝင်ဘာလမှာ ပို့ကုန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၂၇၁ သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၃ ဒသမ ၂၆၂ သန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၈၄ ရာခိုင်နှုန်းကျော်သာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်း ၁၆ ခုရှိတဲ့အနက် လျာထားချက်အပေါ် ၁၂၈ ရာခိုင်နှုန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး အဆင့် (၄) နေရာထိရှိနေတယ်လို့သိရပါတယ်။ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီမှုမရှိခြင်းကတော့ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကြောင့် အရောင်းအဝယ် လုပ်ရတဲ့ရက် ၁၀ ရက် ၁၁ ရက်သာရှိတဲ့အတွက်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ၁၀ ရက်နဲ့  ၁၁ ရက်မှာ မိမိဘက်မှ ဂန့်ဂေါလမ်း၊ ယာ

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလမှာ တစ်သျှူးငှက်ပျော ၄၄၅၅ တန်၊ တန်ဖိုးအားဖြင့် ကျပ် ၆၆၈ ဒသမ ၂၅၀ သန်းဖိုးတင်ပို့နိုင်ခဲ့ ပါတယ်။ အောက်တိုဘာလမှာ ၃၄၈ တန်၊ ယမန်နှစ် ကာလတူ နိုဝင်ဘာလမှာ  ၁၀၅ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခုနိုဝင်ဘာလမှာ တစ်သျှူးငှက်ပျောတင်ပို့မှု အနီးစပ်ဆုံး ကာလထက် တန်  ၄၁၀၇ တန်နဲ့ ယမန်နှစ်ကာလ တူထက် ၄၃၅၀ တန် သိသိသာသာပိုလာပါတယ်။

admin_ygn

   ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်တန်ချိန် ၈၄၄ တန် ၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းနဲ့ စက်မှုကုန်ချော တန်ချိန် ၁၉၄ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၈၄ သန်းတင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ အောက်တိုဘာလမှာတော့ လယ်ယာထွက်ကုန် ၄၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၃၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ပြီး စက်မှုကုန်ချောတန်ချိန် ၅၄ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက  ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ  သုည ဒသမ ၁၂၅ သန်းတန်ဖိုးရှိ ရေဘဝဲ ၅၄ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်အတွင်းမှာလည်း ၁ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက  ၅ တန်ကျော်လျော့နည်း တင်ပို့ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်း နယ်မြေမှ Mobile Team အဖွဲ့ဟာ ဂေါဝိန်ဆိပ်ခံဘောတံတားမှာ အခြေပြုပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် Mobile Team လုပ်ငန်း များကိုဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ၁ရး၃၀ နာရီမှာ ဂေါဒန် (ရွှေကြက်ယက်) ဆိပ်ကမ်းအနီးမှာ ဆိုက်ကပ်ထားတဲ့ ကျောက်မီးသွေးတင်  xxxx  ရေယာဉ်အား ဝင်ရောက်စစ်ဆေးရာမှာ ရေယာဉ်ဝမ်း ဗိုက်အတွင်းမှာ သိုဝှက်သယ်ဆောင်လာတဲ့ တရားမဝင်သစ်မာခွဲသားမျိုးစုံကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

admin_ygn

   စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ Mobile Team လရ-၁ အဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ Canter  ယာဉ်အမှတ် (9G/xxxx) ယာဉ်သည် လရ-၁ယာဉ်စစ်ဆေးရာနေရာသို့ဝင်ရောက်အစစ်ဆေးခံစဉ် ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးကျပ် ၇၆ သိန်းဖိုးရှိ လက်ကိုင်ဖုန်းအလုံး ၃၀ ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိတဲ့ ဖုန်းများရဲ့ တံဆိပ်များကတော့ DISKO၊ NOVA ( A 390) နဲ့ SOLOKIING (S 3310 ) Brand များဖြစ်ပြီး နောင်ချိုမြို့နယ် အကောက်ခွန်ဦးစီးဌာနတွင်အမှုတွဲဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။