အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းကို သတ်မှတ် ကာလထက်ပို၍ ရက်အပိုပေးတင်သွင်းရန်ရှိနေကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ယင်းနိုင်ငံသို့ မတ်ပဲတင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အတိုင်း အချိန်အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သော် လည်း အိန္ဒိယကုမ္ပဏီများက အချိန်ကို ထပ်မံ ပေးရန် တောင်း ဆိုခဲ့သောကြောင့် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်း မပြုနိုင်သည့်ပဲများကို ဒေသန္တရအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆက် လက် တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။