အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ဘယ်လိုနည်းလမ်းများနဲ့ အကောင် အထည်ဖော်သွားမှာပါလဲ။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များမှာ ပါရှိတဲ့ စီမံကိန်းတွေကို နိုင်ငံတော်ဘတ်ဂျက်မှ တိုက်ရိုက်တင်ပြတောင်းခံသုံးစွဲခြင်း၊  ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှု (PPP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်း များ၏ ကူညီထောက်ပံ့မှု စသည်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် ဖွဲ့စည်းထားရှိတဲ့ ကော်မတီ များရဲ့ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများကို သိရှိလိုပါတယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) မှာ ကဏ္ဍတစ်ခုချင်းအလိုက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွေကို သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်စေပြီး ဖွဲ့စည်းထားပါတယ်။ အဆိုပါကဏ္ဍအလိုက်ကော်မတီများက အစည်းအဝေး များကျင်းပပြီး အဖွဲ့ဝင်အမည်စာရင်းများကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်ပြီးစီးမှုနဲ့ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်တွေက လက်ရှိ ကာလအခြေအနေများနှင့် ကိုက်ညီမှုရှိပါသလား၊ ပြုပြင်ရေးဆွဲရန်ရှိပါသလား။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်တွေကို လက်ရှိ ကာလအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ကဏ္ဍအလိုက်ကော်မတီအစည်းအဝေးများ ကျင်းပပြီး  Update ပြုလုပ်ရန်လိုအပ်သည့်လုပ်ငန်းစဉ်များကို ပြန်လည်ပြုပြင်ရေးဆွဲလျှက် ရှိပါတယ်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) မှာ အကောင်အထည်ဖော်ဆောင်ရွက်နေ သောစီမံကိန်းများရှိပါလား။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) မှာ ရော်ဘာကဏ္ဍအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ( ၂၀၂၁) ဖြင့် ရော်ဘာ အရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာ လုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း (Improving Quality of Rubber and Market Research on Rubber Industry) စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။ ထို့ပြင် စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Food Processing Sector) နဲ့ဆက်စပ်ပြီး  ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထု

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို မည်သို့သိရှိနိုင်ပါမည်နည်း။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု update အခြေအနေများ၊ သတင်းများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက် (https://myantrade.gov.mm/) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။