အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) မှာ အကောင်အထည်ဖော်ဆောင်ရွက်နေ သောစီမံကိန်းများရှိပါလား။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) မှာ ရော်ဘာကဏ္ဍအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ( ၂၀၂၁) ဖြင့် ရော်ဘာ အရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာ လုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း (Improving Quality of Rubber and Market Research on Rubber Industry) စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။ ထို့ပြင် စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Food Processing Sector) နဲ့ဆက်စပ်ပြီး  ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ် ခြင်းစီမံကိန်း(Value Chain upgrading of Potential Fruit (Coconut) in Ayeyarwady Region) စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ မေလ မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။

NES