ကျောက်ဆည်ခရိုင်အတွင်း မိုးကြိုဝါများ စတင်ထွက်ပေါ်လျက်ရှိ

ကျောက်ဆည်ခရိုင်အတွင်း မိုးကြိုဝါများ စတင်ထွက်ပေါ်လျက်ရှိ

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသ တစ်ခုဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ ဈေးကွက် ဝယ်လိုအားကောင်းသော ဝါသီးနှံကို မိုးကြိုဝါ၊  မိုးဝါနှင့် မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြပြီး ကျောက်ဆည် မြို့နယ်တွင် ၁၀၀ ဧက၊ မြစ်သားမြို့နယ်တွင် ၂,၁၂၅ ဧက၊ စုစုပေါင်း ၂,၂၂၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

     မိုးကြိုဝါကို ဧပြီလတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် မိုးကြိုဝါသီးနှံများ စတင်ထွက်ပေါ် လျက်ရှိကြောင်း၊ B31 ၊ Raka666 မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၂ ထုပ်ခွဲခန့် ကုန်ကျစိုက်ပျိုးရကြောင်း၊ မိုးကြိုဝါသီးနှံကို ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ထွန် ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဝါပိဿာချိန် ၈၀၀-၁,၀၀၀ ခန့် ထွက် ရှိကြောင်း၊ ဝါစတင်ထွက်ပေါ်ချိန်မှစ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရည်အသွေး ပိုမိုကောင်းမွန် သော ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းပိုမိုရရှိနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်နှင့် မြစ်သားမြို့ရှိ ပွဲရုံများမှတစ်ဆင့် မန္တလေးစက်မှု၊ ချည်မျှင်နှင့် ယက်ကန်းစက်ရုံ များသို့ တင်ပို့ရောင်းချကြကြောင်း မိုးကြိုဝါစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)