မွန်ပြည်နယ်အတွင်း ဖူးစားပြောင်းအထွက်နှုန်းကောင်း၍ အကျိုးအမြတ်ရရှိ

Tue, 09/03/2024 - 10:47 -- mocadmin

   မွန်ပြည်နယ်ရှိ ဘီးလင်းမြို့၊ သထုံ၊ ကျိုက်မရော၊ မုဒုံ၊  သံဖြူဇရပ်၊ ရေး၊ လမိုင်းနှင့် ခေါဇာ စသည့် မြို့များ၌ ဖူးစားပြောင်းစိုက်ပျိုးရာတွင် ဖြစ်ထွန်းအောင်မြင်၍ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းသီးနှံကို မိုးရာသီ (မိုးပြောင်း)နှင့် ဆောင်းရာသီ (ဆောင်းပြောင်း) ဟူ၍ နှစ်ရာသီ စိုက်ပျိုးကြပြီး ဖူးစားပြောင်း (မိုး) စိုက်ဧက စုစုပေါင်း ၁၆၈၂ ဧက စိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းမျိုးနှင့် ထောပတ်ပြောင်းမျိုးများကို စိုက်ပျိုးကြပြီး သကြားပြောင်းကို အဓိကထား စိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းသီးနှံသည် အထွက်နှုန်းကောင်းမွန်သောကြောင့် မွန်ပြည်နယ်၌ ပိုမိုတိုးချဲ့စိုက်ပျိုးကြကြောင်း သိရသည်။

   ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧက လျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ပြောင်းဖူးအရေအတွက် ၈၀၀၀ ကျော်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဩဂုတ်လအတွင်း လက်ကားဈေး သကြားပြောင်း တစ်ဖူးလျှင် ငွေကျပ် ၃၅၀-၄၀၀ နှင့် ထောပတ်ပြောင်း တစ်ဖူးလျှင် ငွေကျပ် ၃၀၀-၃၅၀ ဖြင့် တောင်သူများမှ ဒေသတွင်းရောင်းချသည့်အပြင် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် လာရောက် ဝယ်ယူ၍ မော်လမြိုင်မြို့ပေါ်ရှိ သီးနှံဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် သကြားပြောင်း တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့်၊ ထောပတ်ပြောင်း တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့် ရရှိကြောင်း သိရှိရသည်။

DOCA (မွန်)

Local Trade News

Pages