မအူပင်မြို့ရှိ ငရုတ်စိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Tue, 07/16/2024 - 04:55 -- mocadmin

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငရုတ်သီးနှံကို နှစ်စဉ်စိုက်ပျိုးကြပြီး မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ မိုးကြို ငရုတ်ကို မတ်လနှင့် ဧပြီလတို့၌ စိုက်ပျိုးပြီး ဇွန်လတွင် စတင်ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀ ဖြင့် ဒေသတွင်း၌ အဓိကထားရောင်းချ၍ ပိုလျှံသည့် ငရုတ်သီးများကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးနှင့် ကြည့်မြင်တိုင်ဈေးတို့သို့ တင်ပို့ရောင်းချ ကြကြောင်း၊ ငရုတ်စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းနှင့်ဈေးနှုန်းများကောင်းမွန် ၍ အကျိုးအမြတ်ရရှိသည့်အတွက် ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးနှံကို တိုးချဲ့စိုက်ပျိုး ကြကြောင်း သိရှိရသည်။  

DOCA (ဧရာဝတီ)

Local Trade News

Pages