လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

                  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၈-၁-၂၀၂၄) မှ (၉-၁-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၄၉၇.၅၀) တန်၊ တန်ဖိုး (၀.၂၈၁) ဒေါ်လာသန်း၊ ပြောင်း (၃၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၃၆၀.၀၀) တန်၊ တန်ဖိုး (၀.၄၉၅) ဒေါ်လာသန်း၊ ဖရဲသီး (၇၀၉.၅၀) တန်၊ တန်ဖိုး (၀.၁၀၂) ဒေါ်လာသန်း၊ သခွားမွှေး (၁၁၁.၀၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ကြံ (၂၄၀.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ သီဟိုစေ့ (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ဇီးစေ့ခွဲခြမ်း (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၀၆.၅၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ Aluminium Ingot (၃၃.၇၀၅) တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
 

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။
 

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၂၄၄၀၅၀) U ၊တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ ဂျပ်ဖာ (၁၀၃.၀၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ တစ်သျှူး(၄၀.၅၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ စောင် (၇.၅၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၁၄၅.၀၀) တန်၊ တန်ဖိုး (၀.၁၀၂) ဒေါ်လာသန်း၊ ကုန်စုံ (၄၆၃.၄၇) တန်၊ (၄၉၂၉၇) U၊ (၉၄၈၀) PR၊ တန်ဖိုး (၀.၄၈၁) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ -ဗန်းမော်-မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော်-မိုးမောက်(ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၇-၁-၂၀၂၄ရက်နေ့မှာ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၉-၁-၂၀၂၄ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။