လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၃၀-၁-၂၀၂၄) မှ (၃-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၉၂၉.၆၅၀) တန်၊ တန်ဖိုး (၀.၄၆၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၅၃၄.၅၀) တန်၊ တန်ဖိုး (၀.၂၃၃) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၁၃.၅၀)တန်၊ တန်ဖိုး (၀.၀၄၆) စွန်တာနီ(၄.၅၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ခဲစက္ကူ(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ ထောပတ်ပဲ(၃၁.၅၀)တန်၊ တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ ပဲယင်းနီ(၆၆.၀၀)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာ သန်း၊ဖရဲသီး(၂၂၄.၀၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း ၊ သီဟိုဠ်စေ့(၃၁.၈၀) တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊ ကြံ(၁၂၄၅.၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၆၀၀.၀၀)တန်၊ တန်ဖိုး (၁.၃၇၇)ဒေါ်လာသန်း၊ သခွားမွှေး(၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၇.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း ၊ ကော်ဖီမစ်(၉.၅၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း ၊ နှမ်း(ညို) (၁၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ မြေပဲဆံ (၃၂.၀၀) တန်၊ တန်ဖိုး(၀.၀၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။
 

            ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူ ပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
 

            ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၇၃.၄၀၀)တန်၊ တန်ဖိုး(၀.၂၀၂)ဒေါ်လာသန်း၊ ဂျပ်ဖာ(၂၁၃.၅၀)တန်၊ တန်ဖိုး(၀.၀၉၂)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး(၂၈.၁၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ တစ်ရှူး(၂၀.၁၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကုန်စုံ (၆၃၁.၆၄) တန်၊ (၂၁၉၅၇၃)U၊ (၇၀၀)PAIR၊ တန်ဖိုး (၀.၇၇၈) ဒေါ်လာသန်း၊ စက္ကူ(၃၇.၉၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်း၊ စတီးပစ္စည်း(၁၆.၈၀)တန်၊ (၁၀၀)U၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ထွန်စက်(၄)U၊ တန်ဖိုး (၀.၀၃၆)ဒေါ်လာသန်း၊ စက္ကူလိပ်(၆.၅၀)တန်၊တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ PVC ပိုက်(၁၁.၈၀)တန်၊ (၀.၀၀၉)ဒေါ်လာသန်း၊ ပီနံအိတ်ခွံ(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ကော်ဇော်လိပ်(၇.၅၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ဆေး(၁၆.၀၀)တန်၊ (၅၄၃၅၂၅)U၊ တန်ဖိုး (၀.၂၂၇)ဒေါ်လာသန်း၊ ဖော့(၁.၀၀)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ပလပ်စတစ်(၄၅.၀၀)တန်၊ တန်ဖိုး(၀.၀၂၈)ဒေါ်လာသန်း၊ မြက်ခင်းတု(၈.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကြက်အူချောင်းAnchor(၁၁.၂၂)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။