မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့

         မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ(၁၉-၁၁-၂၀၂၃)ရက်နေ့မှ(၂၀-၁၁-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်လယ်ယာ ထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊  မတ်ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်းများ ဖြစ်သော ငါးကြင်းဆီ ဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ/သတ္တုများနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။      (၁၉-၁၁-၂၀၂၃) ရက်နေ့မှ (၂၀-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

      ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့် အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက် နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။

    ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့်ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစား ပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

     (၁၉-၁၁-၂၀၂၃) ရက်နေ့မှ (၂၀-၁၁-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေ ဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့်ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာများနှင့် ငါးဖမ်း ပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

     (၁၉-၁၁-၂၀၂၃)ရက်နေ့မှ (၂၀-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာအဝတ်အထည်၊CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပါသည်။

     ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၀၁)ကျပ် ရှိပြီး ယခုအပတ် တွင် (၉၆.၁၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းသွားပါသည်။

     (၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (အခြောက်) (၁)တန် လျှင် (၁၅၃၇.၈၂၈)‌ဒေါ်လာဖြင့် (၈၄၅.၉၉၈)တန်(၁.၃၁၀)ဒေါ်လာ သန်း၊  ကြက်သွန်နီ (၁)တန်လျှင် (၇၆၉.၅၈၇) ဒေါ်လာဖြင့် (၁၆၃၇.၂၄၀)တန်  (၁.၂၆၀) ဒေါ်လာ သန်း၊ ချုပ်ပြီးအထည် (၀.၀၅၆)တန်၊ (၂၃၅၉၈) U  (၀.၄၇၄) ဒေါ်လာသန်း၊ ဂေါ်ဖီ  (၁) တန်လျှင် (၂၀၀.၉၀၆) ဒေါ်လာဖြင့် (၁၉၈၆)တန် (၀.၃၉၉)ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၁၉၅.၃၁၂) ဒေါ်လာဖြင့် (၁၂၈.၀၀၀) တန် (၀.၁၅၃) ဒေါ်လာသန်း၊ ကော်ဖီ (၁)တန်လျှင် (၄၂၂၂.၂၂၂)‌ ဒေါ်လာ ဖြင့် (၃၆.၀၀၀)တန် (၀.၁၅၂)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၅၆၇.၃၉၈) ဒေါ်လာဖြင့်(၉၅.၇၀၀)တန်(၀.၁၅၀)ဒေါ်လာသန်း၊ ငရုတ်(စိမ်း)(အစို)  (၁) တန်လျှင် (၃၂၅.၆၇၇) ဒေါ်လာဖြင့် (၂၇၉.၄၁၈) တန် (၀.၀၉၁) ဒေါ်လာသန်း၊ နှမ်း(နက်) (၁)တန်လျှင် (၁၅၂၅) ဒေါ်လာ ဖြင့် (၄၀.၀၀၀) တန် (၀.၀၆၁) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၉၆၆.၈၈၄) ဒေါ်လာဖြင့် (၄၁.၃၇၀) တန် (၀.၀၄၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

     (၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၃.၉၉၉) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁.၈၅၀) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၁.၀၅၅) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ် ရေးပစ္စည်းများ(၁.၀၀၅)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ(၀.၈၄၅)ဒေါ်လာ သန်း၊ သံနှင့်သံ မဏိပစ္စည်းများ (၀.၆၁၆) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၅၆၃) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၅၄၄)ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၅၁၉) ဒေါ်လာသန်း၊  ဆပ်ပြာ (၀.၄၇၆) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၃.၄၁၀) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၅၃.၈၉၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (  ၆၇.၃၀၆ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။