တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၅-၇-၂၀၂၃ ရက်နေ့တွင် ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန်(၁၇၆)တန်၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန်(၁၇)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၂၀)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန်(၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုရက်ပိုင်းအတွင်း ငွေဈေးအပြောင်းအလဲများဖြစ်ပေါ်နေပြီး ငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၀၃၀)ဘတ် မှ (၁၀၆၀)ဘတ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ(၁) ရက်နေ့မှ (၂၅)ရက်နေ့အတွင်း သွင်းကုန် (၄.၃၄၈) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။ အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး (၂၅-၇-၂၀၂၃) ရက်နေ့တွင်  ဘိလပ်မြေ (၅၇၁.၁၅၀) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅) သန်း၊ ကွန်ကရစ်အမိုးပြား (၅၆.၀၁၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၃)သန်း၊ မျက်နှာကျက်ပြား (၄၇.၃၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၁)သန်း၊ မှန်ချပ် (Glass Sheet) (၃၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁)သန်း အပါအဝင် ကန်ဒေါ်လာ(၀.၁၀၅)သန်း တင်သွင်းခဲ့သည်။