ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၅) ရက်နေ့မှ ဇူလိုင်(၂၅) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၅) ရက်နေ့မှ ဇူလိုင်(၂၅) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၃.၃၃၀)ဒေါ်လာသန်း၊ သွင်းကုန်(၃၃.၀၅၃)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၄၆.၃၈၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပဲတီစိမ်း(၅၃၁၉.၆၅၈)တန်၊ တန်ဖိုး (၃.၇၉၁)ဒေါ်လာသန်း၊ ပဲယင်း (၃၁၃၁.၇၃၈)တန်၊ တန်ဖိုး (၂.၆၇၂)ဒေါ်လာသန်း၊ ရာဘာ(၂၁၇၉.၅၀၀) တန်၊ တန်ဖိုး(၂.၆၆၁)ဒေါ်လာသန်း၊ မြေထောက်ပဲ(၉၂၅.၅၀၀)တန်၊ တန်ဖိုး(၁.၃၄၉)ဒေါ်လာသန်း၊ ထောပတ်ပဲ (၉၃၃.၅၀၀)တန်၊ တန်ဖိုး(၁.၀၂၄)ဒေါ်လာသန်း၊ ရာဘာကြမ်း(၅၂၅.၇၅)တန်၊ တန်ဖိုး(၀.၄၂၀) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၁၉၅.၃၅)တန်၊ တန်ဖိုး(၀.၃၉၂)ဒေါ်လာသန်း၊ ပဲလွန်းဖြူ(၃၁၃.၃၆၉)တန်၊ တန်ဖိုး (၀.၁၉၀)ဒေါ်လာသန်း၊ ဝဥခြောက် (၉၉.၀၀၀)တန်၊ တန်ဖိုး (၀.၁၈၄)ဒေါ်လာသန်း၊ စွန်တာနီပဲ (၂၆၈.၅၀)တန်၊ တန်ဖိုး (၀.၁၅၈)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၁၃.၇၄၆)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၃.၃၇၉)ဒေါ်လာသန်း၊ ချည်ထည်များ (၃.၂၇၈)ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ (၁.၄၇၃)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ(လုပ်ငန်းသုံး) (၀.၇၉၅) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း (၀.၄၃၅)ဒေါ်လာသန်း၊ လေအေးစက်များ (၀.၄၂၆)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၃၈၄)ဒေါ်လာသန်း၊ အင်ဂျင်များ (၀.၂၈၁)ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၂၆၈) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ ဆန်(၄၅၇)ဒေါ်လာနှုန်း၊ ဆန်ကွဲ(၄၄၂)ဒေါ်လာနှုန်း၊ ပဲတီစိမ်း(၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ(၁၁၄၂)ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ(၆၇၁)ဒေါ်လာနှုန်း၊ ပြောင်း(၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄)ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။