ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဇူလိုင်လ (၅) ရက်ထိ ကုန်သွယ်မှုအခြေအနေနှင့် ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်သည်။
ဇူလိုင်လ(၅)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၀.၆၃၁)ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၇၈)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁.၁၀၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
ဇူလိုင်လ (၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောနှင့်Iron Concentrate (Fe-64.512%/ Fe-60.751%)တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့သည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၇၂၅) တန်၊ တန်ဖိုး (၅၉၀၀၀၀) ဒေါ်လာနှင့် Iron Concentrate (Fe-64.512% / Fe-60.751%) ဈေးနှုန်းတစ်တန်လျှင် (၁၀၂/၈၃) ဒေါ်လာတို့ဖြင့် တန်ချိန် (၄၅၃) တန်၊ တန်ဖိုး (၄၁၀၀၀) ဒေါ်လာ တင်ပို့နိုင်ခဲ့သည်။
အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀) ဒေါ်လာ ဖြင့်တန်ချိန် (၆၀၈) တန်၊ တန်ဖိုး (၂၁၂၈၀၀) ဒေါ်လာ၊ Iron Rod ဈေးနှုန်း တစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၉.၁၀) တန်၊ တန်ဖိုး (၆၃၇၀) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၆၉.၆၈) တန်၊ တန်ဖိုး (၄၅၂၉၂) ဒေါ်လာ၊ Galvanized Iron Sheet ဈေးနှုန်းတစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၂၇) တန်၊ တန်ဖိုး (၁၈၉၀၀) ဒေါ်လာ၊ Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၈၀) တန်၊ တန်ဖိုး (၅၂၈၀၀) ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၅.၈၅) တန်၊ တန်ဖိုး (၁၀၃၀၃) ဒေါ်လာ၊ Brand New Car Tyre (Size : 14.00 R 25) ဈေးနှုန်း (၁ လုံး) လျှင် (၁၀၀) ဒေါ်လာဖြင့် (၃၀) လုံး၊ တန်ဖိုး (၃၀၀၀) ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2) လျှင် (၃.၈) ဒေါ်လာဖြင့် (၁၆၃၀) M2၊တန်ဖိုး (၆၁၄၄၁) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ)တင်သွင်းနိုင်လျက်ရှိသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။
ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။