ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၀၃ရက်နေ့မှ ၀၅ရက်နေ့အထိပို့ကုန်တန်ချိန် (၆၆၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၈၂) သန်း၊ သွင်းကုန်တန်ချိန် (၂၉၁)၊(-)U၊ (-) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၆၅) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၄၇သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာဆီအုန်းတန်ချိန် (၂၁.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၈၇.၅၆) အမေရိကန်ဒေါ်လာ၊ သဲတိုးတန်ချိန်(၀.၅၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၆၇၇.၆၀)၊ (၁)တန်စျေးနှုန်း (၁၂၁၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန်(၉.၁၆)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၂၉၇.၂၀)၊(၁)တန်စျေးနှုန်း (၁၆၇၀)အမေရိကန်ဒေါ်လာ၊ တာတိုတန်ချိန် (၇.၉၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၃၀၇.၁၀)၊ (၁)တန် စျေးနှုန်း (၁၂၉၀)အမေရိကန်ဒေါ်လာ၊ငါးပုလွေတန်ချိန် (၅၀.၈၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉၉၆၇.၆၀)၊ (၁)တန်စျေးနှုန်း (၁၁၈၀)အမေရိကန်ဒေါ်လာ၊ စျေးနှုန်း(၇၉၀) အမေရိကန်ဒေါ်လာ၊ငါးစက္ကူတန်ချိန် (၁.၉၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၃၀၃.၄၀)၊ (၁)တန်စျေးနှုန်း (၁၆၆၀)အမေရိကန်ဒေါ်လာ၊ပလာတူးခက်တန်ချိန် (၂၆.၃၆၀)၊ တန်ချိန် (၅၆.၉၂၀) ၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၉၅၂၀.၄၀) ၊ (၁) တန် ဈေးနှုန်း (၈၇၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

             အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာငါးထည့်သည့်ခြင်းတန်ချိန်အမေရိကန်ဒေါ်လာ၊ပီလောပီနံမှုန့်တန်ချိန် (၂၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၉၀၀၀)၊ (၁)တန်စျေးနှုန်း (၅၁၄.၈၁) အမေရိကန်ဒေါ်လာ၊ မျှော့ကြိုးတန်ချိန် (၁၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၅-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၄၈) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၇.၁) ကျပ်ခန့်ဖြစ်သဖြင့် (၄-၇-၂၀၂၃)ရက်နေ့ထက် (၀.၁) မြင့်တက်သွားသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၁၇၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၂၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။