လွယ်ဂျယ်နယ်စပ် ကုန်စည်စီးဆင်းမှုအခြေအနေ နှင့် ငွေကြေးစျေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ မှ ဇူလိုင်လ ၂ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၈.၅၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ ပြောင်း (၄၄.၀၀)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းနှင့် တစ်သျှူးငှက်ပျော (၉၆.၀၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် မြေထောက်ပဲတစ်တန်လျှင်(၁၄၈၄)ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ဆန်တစ်တန်လျှင် (၄၆၄)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ပို့ကုန်တစ်ပိဿာလျှင်(၇၂)ကျပ် ရှိကြောင်းသိရှိရသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ပိတ်လိပ်တန်ချိန် (၉၇.၅၀)တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ဓါတ်မြေဩဇာတန်ချိန် (၁၃၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၅)ဒေါ်လာသန်း၊ ကုန်စုံတန်ချိန် (၅၈.၄၀)တန်၊ (၁၂၇၈၀)U၊  (၃၀၀) PR၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ကော်စေ့တန်ချိန် (၁၅.၀၀)တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ ပီနံအိတ်တန်ချိန် (၁၃.၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊၊ ပလပ်စတစ်လိပ်တန်ချိန်(၃၂.၀၀)တန်၊ တန်ဖိုး (၀.၀၂၂)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း အရေအတွက်(၂.၀၀) တန်၊ (၁၂၁၁)U၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းသံပြား (၆၀.၀၀) တန်၊ တန်ဖိုး(၀.၀၄၆)ဒေါ်လာသန်း၊ လက်တွန်းထွန်စက် (၄၀)U၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်း (၆၁.၀၂) တန်၊ (၃၂၀၀) U၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ချည်ခင် (၁၄.၇၀)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ထွန်စက် (၃) U၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ဆေးနှင့် ဆေးပစ္စည်း (၁၁၃၀၄၀) U၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်း (၇၅၀၀) U၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်လေးဘီးထွန်စက် တစ်စီးလျှင် (၈၀၀၀)ဒေါ်လာ၊ နှစ်ဘီးထွန်စက်တစ်စီးလျှင်(၆၀၀)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင်(၅၉၇)ဒေါ်လာ၊ကော်စေ့ တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ဓါတ်မြေဩဇာတစ်တန်လျှင်(၃၅၀)ဒေါ်လာ၊ပလပ်စတစ်လိပ်တစ်တန်လျှင်(၇၀၀)ဒေါ်လာ၊ ဂျပ်စက္ကူတစ်တန်လျှင်(၃၅၀)ဒေါ်လာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်း၊ သံပြားတစ်တန်လျှင် (၆၇၉)ဒေါ်လာ၊ချည်ခင်တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) -စိန်လုံ-လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအားလွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၆-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၁၃)ကျပ်ဖြစ်ခဲ့ပြီး ၂-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၃၅)ကျပ်ထိမြန်မာကျပ်ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။