ယခုတစ်ပတ် ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျော့ကျ

Thu, 08/01/2019 - 08:03 -- admin_ygn

ဇူလိုင်၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ   ကုန်သွယ်ရေးစခန်းများမှ  အမေရိ ကန်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၅၂၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှု များမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၄၈၆၀ တန်ချိန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  တန်ချိန် ၃၆၀ကျော်နှင့်   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၄၀ ကျော်တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၅၅၀ ကျော်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။ ယခု တစ်ပတ် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၀ ကျော်တင်ပို့ခဲ့သည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင် ၁၃ ရက်မှ ၁၉ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၆သန်း ကျော်တန်ဖိုးရှိ   ဆန်တန်ချိန် ၂၀ဝဝဝ နီးပါးတင်ပို့ခဲ့သည်။ ယခုတစ်ပတ်မှာ  ပုံမှန်တင်ပို့နေသည့်နိုင်ငံများဖြစ်သည့် အာရှ၊ အာဖရိကနှင့်အီးယူနိုင်ငံများကိုတင်ပို့ခဲ့သည်။အာရှ နိုင်ငံများတွင် တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ရုရှား နိုင်ငံများဖြစ်ပြီး   အာဖရိကတွင်  မက်ဒါဂါစကား၊ ဂီနီနှင့် ကင်မရွမ်နိုင်ငံတို့ဖြစ်သည်။  ယခုတစ်ပတ် အများဆုံးတင်ပို့မှု များမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန် ချိန် ၈၆၀ဝ ကျော်၊ တရုတ် နိုင်ငံသို့ တန်ချိန် ၅၀ဝ၀ နီးပါး၊ အီးယူနိုင်ငံများသို့  တန်ချိန် ၃၀ဝဝကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ အာဖရိကနိုင်ငံများ သို့ တန်ချိန်  ၂၀ဝ၀ ခန့်သာတင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင် ပို့မှုနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်ဆန်တင်ပို့မှုမှာ တန်ချိန် ထက်ဝက်ခန့်လျော့ကျခဲ့သည်။အာဖရိကနိုင်ငံများသို့တင်ပို့မှုလျော့ကျခဲ့သောကြောင့်ဖြစ်သည်။             
  ယခုတစ်ပတ်မှာ ရေကြောင်းမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ   ဆန်ကွဲတန်ချိန် ၉၅၀ဝ ကျော်တင် ပို့ခဲ့သည်။ ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုများမှာ အီးယူနိုင်ငံ များသို့ တန်ချိန် ၅၃၀ဝ ကျော် ၊အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၂၇၅၀၊ အိုင်ဗရီကိုစ့်သို့    တန်ချိန် ၁၀ဝဝ  ကျော်တင်ပို့ခဲ့ပြီး မလေးရှား၊ထိုင်းနှင့်စင်ကာပူနိုင်ငံများသို့လည်းတင်ပို့ခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၅၀ဝ၀ ကျော် လျော့ကျခဲ့ကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်းဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်း မှာဆန်တန်ချိန်၂၅၀ဝ၀ နှင့်ဆန်ကွဲတန်ချိန်  ၉၅၀ဝကျော်ဖြစ်  ကြောင်း သိရသည်။           
    ယဉ်ယဉ်အေး

Local Trade News

Pages