နယ်တင်ပို့မှုများ ဆက်တိုက်ရှိနေတဲ့ ပြည်မန်ကျည်းမှည့်

Fri, 06/15/2018 - 07:24 -- admin_ygn

ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ကျောက်ပန်းတောင်း၊ ကြံခင်း၊ ဟင်္သာတနှင့် ဒေသတွင်းမှ မန်ကျည်းမှည့်များ  ဝင်ရောက်လျက်ရှိပါတယ်။ အရောင်းအဝယ် အနေဖြင့် နယ်တင်ပို့မှုများ ဆက်တိုက်ရှိနေတာကြောင့် မန်ကျည်းမှည့်ဈေးကောင်း ရလျက်ရှိကြောင်း သိရပါတယ်။

 ယခုတစ်ပတ် မန်ကျည်းမှည့်တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၈၀၀ နှင့် ဒေသ တွင်း လက်လီဈေး ကျပ် ၂၅၀၀ တို့ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။ တစ်ပတ်အတွင်း မန်ကျည်းမှည့် ပိဿာချိန် ၁၈၀၀ ခန့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ ဝယ်လက်များသို့ တင်ပို့နေရကြောင်းလည်း သိရ ပါတယ်။                                                                                            

နီနီဝင်း(ပြည်)

 

Local Trade News

Pages