လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်များအတွင်းရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်နိုင်ငံက စည်းမျဉ်းများ လျှော့ချပေးမည်

ပင်လယ်ရပ်ခြားမှ ရင်းနှီးမြှုပ်နှံမှု တို့ကို ဆွဲဆောင်နိုင်မယ့် အစီအစဉ်တစ် ရပ်အဖြစ်  လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် များ (FTZ s  )  မှာ ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့ နိုင်ငံခြား     စီးပွားရေးလုပ်ငန်းများ အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေ များကို   လျှော့ချပေးမယ်လို့ ဇူလိုင် ၁၉ ရက်အစိုးရအဖွဲ့ကပြောကြောင်း  ရိုက် တာသတင်းမှာ ဖော်ပြပါတယ်။နိုင်ငံခြား စီးပွားရေးလုပ်ငန်း သို့မဟုတ် ဖက်စပ်လုပ်ငန်းများကFTZ s    များ   ထူထောင်ရာတွင် မှတ်ပုံတင်ရ တဲ့စနစ်ကို အခက်အခဲမရှိအောင် အစိုးရ ကဆောင်ရွက်ထားပြီး  နိုင်ငံခြားကုမ္ပဏီ  တွေပါဝင်တဲ့   ရှယ်ယာများ ဝယ်ယူ ပေါင်းစည်းမှု  လုပ်ငန်းများကိုလည်း လွယ်ကူချောမွေ့အောင် ဆောင်ရွက်မှာ ဖြစ်ကြောင်း အစိုးရအဖွဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ www. gov.cn မှာ ဖော်ပြထား ပါတယ်။''ဒီလုပ်ရပ်က     ပြည်တွင်းဈေး ကွက်ကိုဖွင့်ပေးပြီး   လွတ်လပ်တဲ့ ကုန် သွယ်မှုဇုန်  ဖွံ့ဖြိုးရေးကို အထောက် အကူပေးတဲ့ တရုတ်နိုင် ငံရဲ့ ပြုြ ပင် ပြောင်း လဲရေး      လုပ်ငန်းစဉ်မှာ အကောင်အထည်ဖော်မယ့်   ခြေလှမ်း တစ်ခုဖြစ်ပါတယ်။    ဒီလိုဆောင်ရွက် ပေးတဲ့   အစီအမံတွေကြောင့် တရုတ် နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာအောင် အားပေးမှာဖြစ် တဲ့အတွက် တရုတ်ယွမ်ငွေကြေး တန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးတွေပြည်ပ စီး ထွက်မှုကို သက်သာစေမှာဖြစ်ပါတယ်'' လို့    ဟောင်ကောင်ရှိ   Citic Bank International    မှ တရုတ်စီးပွားရေး ပညာရှင်အကြီး အကဲ  ဂျောင်ကွမ် က ပြောပါတယ်။ရှန်ဟဲနဲ့ ကျန်ကျင်း စည်ပင်သာ ယာနယ်မြေများ၊ကွမ်တုံနဲ့ ဖူကျန် ပြည် နယ်တွေမှာ  လွတ်လပ်စွာ ကုန်သွယ်မှု ဇုန်တည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းသံမဏိလုပ်ငန်းတွေရဲ့ ရှယ် ယာများအားနိုင်ငံခြား သား ရင်းနှီး မြှုပ် နှံသူတွေက  ဝယ်ယူတာကို ပိတ်ပင် ထားခြင်းကို အစိုးရက ယာယီအားဖြင့် ရုပ်သိမ်းပေးမှာဖြစ်ပြီးFTZ s တွေမှာ နိုင်ငံခြားသား တစ်ဦးတည်းပိုင် စက်ရုံ များ   ထူထောင်ခွင့်ပေးသွား မှာဖြစ် ကြောင်း ကြေညာ ချက် မှာဖော်ပြထားပါ တယ်။