မတ်ပဲဈေးကွက်တွင် ဈေးကျဆင်းလာ

Tue, 07/26/2016 - 08:52 -- admin_ygn

ဟင်္သာတ  မတ်ပဲဈေးကွက်မှာ ယခုဇူလိုင်လ    တတိယပတ်အတွင်း မတ်ပဲဈေးများ ကျဆင်းလာခဲ့ပါတယ်။    ဇူလိုင်လ ၁၈ ရက်က  မတ်ပဲတစ်တင်း လျှင်ကျပ် ၅၅၀၀၀ အထိရှိနေရာမှ ၂၀ ရက်တွင်ကျပ် ၅၄၀၀၀ သို့ကျဆင်းခဲ့ ပါတယ်။ဇူလိုင်လဆန်းပိုင်းက ပိသာ ၂၀ ဝင်တစ်တင်းလျှင်   ကျပ် ၅၇၀၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြသော်လည်း   ဒုတိယ ပတ်မှာ ကျပ် ၅၇၃၀၀ နဲ့   အရောင်း အဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဈေးကျဆင်းနေမှုကြောင့်   မတ်ပဲလှောင် လက်များနဲ့    မတ်ပဲလက်ကျန်ရှိတဲ့ စိုက်ပျိုး    ထုတ်လုပ်သူများအနေနဲ့ ရောင်းဝယ်မှုနည်းပါးလာခဲ့ကာ တက် ဈေးကို မျှော်လျက်ရှိကြောင်း  သိရပါ တယ်။
 လှိုင်ထွဋ် ( ဟင်္သာတ )

Local Trade News

Pages