ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများက ဂရိကယ်တင်မှုရန်ပုံငွေအသစ်ကို အတည်ပြု

ဂရိနိုင်ငံကိုငွေကြေး ဆက်လက် ထောက်ပံ့ဖို့ ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီး များ   သဘောတူညီလိုက်ပြီဖြစ်တဲ့ အတွက် ဂရိနိုင်ငံကချေးငွေရန်ပုံငွေသစ် ယူရို ၁၀ ဒသမ ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၁ဒသမ ၅ ဘီလီယံ) ကို ရရှိ တော့မှာဖြစ်ကြောင်း    အိုင်ဘီတိုင်းမ် သတင်းမှာဖော်ပြပါတယ်။ဘရပ်ဆဲလ်မြို့မှာ ၁၁ နာရီကြာ အပြင်းအထန်    ဆွေးနွေးပြီးနောက်   အပြည်ပြည်ဆိုင်ရာ   ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့  တိုက်တွန်း ချက် အရ ယူရို ဇုန် ၁၉ နိုင်ငံမှဘဏ္ဍာရေး ဝန်ကြီးများကကြွေးမြီသက်သာခွင့်တွေကို တိုးချဲ့ပေးဖို့ သဘောတူခဲ့ကြပါတယ်။ယူရိုဇုန်ဥက္ကဋ္ဌ   eroen Dijssel bloem က  ယခု သဘောတူညီချက်ကို ဂရိကယ်တင်မှုချေးငွေ  အစီ အစဉ်မှာ အဆင့်သစ်တစ်ခုအဖြစ်    တိုးမြှင့်ပေး လိုက်တဲ့   အဓိကစွမ်းဆောင်မှုအဖြစ် ချီးကျူးပြောကြားခဲ့ပါတယ်။ဂရိနိုင်ငံက ကယ်တင်မှုချေးငွေ ကို ၂၀၁၆ ဇွန်မှ   ယူရို ၇ ဒသ ၅ ဘီလီယံ နဲ့ ၂၀၁၆ ခု စက်တင်ဘာမှာ ယူရို ၂ ဒသမ ၈ ဘီလီယံနှစ်သုတ်ခွဲပြီး အသီးသီး ရရှိမှာဖြစ်ပါတယ်။ ရရှိလာတဲ့ချေးငွေကို ဂရိနိုင်ငံကလုပ်ခလစာနဲ့   အငြိမ်းစား လစာတွေအတွက် ပေးချေးရမှာ ဖြစ်ပါ တယ်။ ဂရိနိုင်ငံကို ကြိုတင်ငွေထုတ်ပေး ဖို့နဲ့   စည်းကမ်းသတ်မှတ် ချက်မပါ တဲ့ ကြွေးမြီသက်သာခွင့်ကိုပေးဖို့ တောင်းဆို ခဲ့တာမအောင်မြင်ခဲ့ပေမယ့် သဘောတူ ညီချက်ကို အိုင်အမ်အက်ဖ်က ကြိုဆိုခဲ့ပါ တယ်။ ဂရိနိုင်ငံ အတွက် ကယ်တင်မှုချေး ငွေအစီအစဉ်မှာ ဆက်လက်ပါဝင်မယ် လို့လည်း ပြော ပါတယ်။ ဒါပေမယ့် စုစု ပေါင်းပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ရဲ့ ၁၈၀ ရာခိုင်နှုန်းရှိနေတဲ့ ဂရိနိုင်ငံရဲ့ ကေး မြီဝန်ထုပ်ဝန်ပိုး က ကြာရှည်ထိန်းထား ဖို့ခက်ခဲကြောင်း အိုင်အမ်အက်ဖ်ကသတိ ပေးပြောကြားပါတယ်။