Toyota မှ အသစ်ထုတ်လုပ်လိုက်သည့်Fortuner အမျိုးအစားကားသစ် အား အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော်ဖြင့် ရောင်းချပေးမည်

Mon, 05/09/2016 - 08:35 -- admin_ygn

 

Toyota မှအသစ်ထုတ်လုပ်လိုက်  သည့် ၤFortuner ကားအမျိုးအစား အား အမေရိကန်ဒေါ်လာ ၆၁၃၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်မြို့ ရှိ ွှToyota  ကားအရောင်းပြခန်းနှင့်Aye & Sons  ကားအရောင်းစင်တာ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရ သည်။အဆိုပါဈေးနှုန်းမှာ ဝယ်ယူသည့် သူ၏ဝင်ငွေခွန် မပါဝင်ဘဲ ကျန်သည့် အခွန်များ အားလုံးပေးဆောင်ပြီး တန် ဖိုးဖြစ်ကြောင်း သိရသည်။တိုယိုတာ၏ကားအမျိုးစား သစ်Fortunerသည် ဝင်ငွေမြင့်မားပြီး ခေတ်ရေစီးကြောင်းနှင့်အညီ နေထိုင် လျက်ရှိသော သုံးစွဲသူများအတွက် အဓိကရည်ရွယ်သညSUVအမျိုး အစားသစ်၏ အမှတ်သင်္ကေတဖြစ် ကြောင်း သိရသည်။
Toyota Fortuner တွင် အဆင့် မြင့်ဘေးကင်းလုံခြုံမှုကို အဓိကထား လုပ်ဆောင်ထားပြီး မျှော်လင့်မထား သည့်နောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်ပေါ်စေသည့်အပြင် အန္တရာယ် များကို ရှောင်ရှားခြင်းမှလည်း ချိန်ညှိ လုပ်ဆောင်ပေးနိုင်သည့်  ကားအမျိုး အစားဖြစ်သည်။
အဆိုပါ   ကားအမျိုးအစားသစ် သည် ဘီးများပေါ်ရှိ သက်ရောက်အား များအား ထိန်းညှိပေးသည့် EBDပါရှိ သည့်ဘရိတ်ဖြုတ်စနစ်၊ ယာဉ်တည်ငြိမ် မှုထိန်းချုပ်စနစ်၊ ဆွဲအားထိန်းချုပ်မှု စနစ်၊ လွှဲယမ်းထိန်းချုပ်မှုစနစ်၊ ကုန်း တက်ကုန်းဆင်းများ၌ ကူညီထိန်းချုပ်မှု စနစ်၊ ဖြည့်စွက်ကန့်သတ်စနစ် လေအိတ် ခုနစ်မျိုး  (ယာဉ်မောင်းနှင့်   ခရီးသည် ရှေ့ရှိ လေအိတ်များ၊ ယာဉ်မောင်းသူ၏ ဒူးနေရာရှိလေအိတ်၊ ဘေးဘက်ရှိလေ အိတ်များ ၊ ပြတင်းပေါက် ဘက်ရှိလေ အိတ်များ)တို့ကို ထည့်သွင်းထားသဖြင့် ဘေးကင်းလုံခြုံမှုကို သိသာထင်ရှားစွာ ခံစားရနိုင်ကြောင်း သိရသည်။

မယ်သီတာ

 

Local Trade News

Pages