ရေနံစိမ်းနဲ့ ငွေလဲနှုန်းအပြောင်းအလဲကြောင့် ယခုတစ်ပတ်မလေးရှား ရော်ဘာဈေးကွက် နိုးနိုးကြားကြားဖြစ်

 ရေနံစိမ်းနဲ့ ငွေလဲနှုန်း အပြောင်းအလဲများကြောင့် ယခုတစ်ပတ်မှာ မလေးရှား ရော်ဘာ ဈေးကွက် နိုးနိုးကြားကြား  ဖြစ်နရပါတယ်လို့  ရော်ဘာ ကုန်သည်တစ်ဦးက  ပြောကြားလိုက်တာပါ။  ရော်ဘာဈေးဟာ အခြားကုန်စည်များရဲ့  အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ  ဖြစ်ပါကြောင်း၊ ယခုတစ်ပတ်ကုန်ဆုံးချိန်  မှာတော့ မျှော်မှန်းထားတာထက် ရော်ဘာဈေးကွက်  အခြေအနေကောင်းမွန်နေကြောင်း၊ အထူးသဖြင့် ရင်းဂစ်ဈေး အပြောင်းအလဲကလည်း သက်ရောက်စေကြောင်း  ဖေဖော်ဝါရီလ ၉ ရက်နေ့က Bernama သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ်  ရော်ဘာကုန်သည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ဟာ အချုပ်အချာ

တရုတ်ပြည်ကို တင်ပို့တဲ့ တစ်သျှူးငှက်ပျော

 

      မြန်မာ-တရုတ် နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ဝ၂၄ သန်းတန်ဖိုးရှိတဲ့ တစ်သျှူး ငှက်ပျောတန်ချိန် ၇၀ဝ၀ ကို တင်ပို့ခဲ့ပါတယ်။ ကချင်ပြည်နယ် ဒေသထွက် တစ်သျှူးငှက်ပျော တစ်တန်ရဲ့ မိမိဘက် ပေါက်ဈေးဟာ ကျပ် တစ်သိန်းခွဲ ဖြစ်ပြီး ဇန်နဝါရီလလယ်က တန်ချိန် ၆၂၀ဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

ဝါဂွမ်းတင်ပို့မှုနဲ့အတူ လဲမှို့ပါ တင်ပို့တဲ့ရွှေမူဆယ်

         

       ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၄၄၆ သန်းတန်ဖိုးရှိတဲ့ ငွေချည် (၆) ဝါ ၂၀၂ တန်ခွဲ တင်ပို့ခဲ့သလို ကန်ဒေါ်လာ သုည ဒသမ ၉၁၆ သန်း တန်ဖိုးရှိတဲ့ လဲမှို့ ၁၀၉၁ တန်ကိုလည်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့ခဲ့ပါတယ်။ ငွေချည် (၆)ဝါကိုတော့ တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှုရှိပါတယ်။

 

ကော့သောင်းနယ်စပ်မှ ရေဘဝဲ ပိုမိုတင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ဝ၀၆ သန်းတန်ဖိုးရှိ ရေဘဝဲ ၃တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၈၉၈ တန်ကျော်၊ ပုစွန် ၇ တန်ကျော်၊ ကင်းမွန် ၁၃ တန်ကျော်နဲ့ ပင်လယ်ငါးရှဉ့် ၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ရေဘဝဲကီလိုအနည်းငယ်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။