အမည်မသိရသေးသော ရောဂါတစ်မျိုး ခွေးများကို ကူးစက်ပြန့်ပွားနေ

 

  အိန္ဒိယနိုင်ငံ၊ အင်ဖာအရှေ့ခရိုင်တွင် အမည်မသိရသေးသော ရောဂါတစ်မျိုးမှာ ခွေးများကို ကူးစက် ပြန့်ပွားနေပြီး အဆိုပါရောဂါကြောင့် ခွေးများသေဆုံးနေကြောင်း၊  ရောဂါခံစားနေရသော ခွေးများမှာ ကိုယ်ခံ အားနည်းလာခြင်း၊ အစာရေစာစားသောက်မှု နည်းပါးခြင်းတို့  ဖြစ်ပေါ်နေကြောင်း ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မဏိပူရပြည်နယ်ထုတ်  The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ အဆိုပါရောဂါကို တိကျစွာ အဖြေထုတ်နိုင်ရန် ပြည်နယ်အစိုးရက ကြိုးစားဆောင်ရွက်နေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

 

အနီးစပ်ဆုံးကာလထက် ဇန်နဝါရီလမှာ တရုတ်မှ ရော်ဘာတင်သွင်းမှုကျဆင်း

 

   ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ တရုတ်နိုင်ငံမှ သဘာဝရော်ဘာနဲ့ Latex  အပါအဝင် Synthetic ရော်ဘာတန်ချိန် ၃၅၀ဝဝဝ တင်သွင်းခဲ့ပြီး အနီးစပ်ဆုံးကာလဖြစ်တဲ့ ဒီဇင်ဘာလမှာ တန်ချိန် ၄၁၀ဝဝဝ တင်သွင်းခဲ့တဲ့အတွက် ၁၄ ရာခိုင်နှုန်းကျော်တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။