ဥရောပသမဂ္ဂနိုင်ငံများတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ရရှိမည့်အခွင့်အလမ်းများ
ဥရောပဈေးကွက်တည်ရှိနေမှုသည် စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းမျာနှင့် ကျယ်ပြန့်စွာ ဝယ်ယူခွင့်အခွင့်အလမ်းရရှိစေပါသည်။ စားသုံးသူအခွင့် အလမ်းများကို ကုန်စည်များရောင်းချခဲ့သည့် လက်လီရောင်းချသူများအား တောင်းဆိုနိုင်ပြီး အကယ်၍ စားသုံးသူအနေဖြင့် မိမိပေးအပ်လိုက်ရသော တန်ဖိုးကို ကျေနပ်အားရမှုမရှိပါက ရောင်းချသူအား ကုစားမှု များ (redress) ပေးအပ်ရန် တောင်းဆိုနိုင်ပါသည်။
